Connect with us

WORLD

လူနာဖျားနာလာမှုကြောင့် Johnson & Johnson ၏ COVID-19 ကာကွယ်ဆေး စမ်းသပ်မှုရပ်တန့်ထား

Johnson & Johnson လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး Johnson & Johnson က ၎င်းတို့၏ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်သူတစ်ဦး ဖျားနာလာခြင်းကြောင့် ကာကွယ်ဆေးစမ်းသပ်မှုကို ယာယီရပ်တန့်ထားကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားခဲ့သည်။

“ကာကွယ်ဆေးစမ်းသပ်မှု ပူးပေါင်းဝင်သူတစ်ဦးဟာ ရှင်းမပြနိုင်တဲ့ဖျားနာမှု ဖြစ်လာတာကြောင့် အဆင့်-၃ ENSEMBLE စမ်းသပ်မှု အပါအဝင် ကျွန်တော်တို့ရဲ့ COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအားလုံး ယာယီရပ်တန့်ထားတယ်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သီးခြားလွတ်လပ်သော အချက်အလက် ဘေးကင်းရေး စောင့်ကြည့် ဘုတ်အဖွဲ့ ENSEMBLE နှင့် ပြည်တွင်း လက်တွေ့စမ်းသပ်မှုနှင့် ဘေးအန္တရာယ်ကင်းရေး သမားတော်များက အဆိုပါ လူနာ၏အခြေအနေကို ပြန်လည် သုံးသပ် ချင့်ချိန်လျက်ရှိကြောင်း ကုမ္ပဏီက ဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.