Connect with us

WORLD

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တွင် COVID-19 ရောဂါပိုးမတွေ့ရှိတော့၊ ဖလော်ရီဒါပြည်နယ် စည်းရုံးရေး စတင်မည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အားစက်တင်ဘာ ၃ ရက်က Pennsylvania ပြည်နယ် Latrobe မြို့မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် ၁၂ ရက်အကြာ၌ ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့ကြောင်း အိမ်ဖြူတော်သမားတော် Sean Conley က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်တွင် “နေ့စဉ်ဆက်တိုက်” ရောဂါပိုးမတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး “အခြားသူများထံ မကူးစက်နိုင်တော့ကြောင်း” လည်း Conley ၏ မှတ်တမ်းအရ သိရသည်။

“antigen စစ်ဆေးမှုတွေမှာ ရောဂါပိုးမတွေ့ရှိကြောင်း ထပ်ခါတလဲလဲ ပြသနေသလို viral load, subgenomic RNA နဲ့ PCR cycle စတဲ့ဆောင်ရွက်ချက်တွေအပြင် လုပ်ဆောင်နေဆဲ viral culture data အကဲဖြတ်မှုတွေပါ ဆောင်ရွက်ခဲ့ပြီး ဒါတွေအားလုံးကလည်း အခြားသူကို ကူးစက်နိုင်ခြေမရှိဘူးလို ဖော်ပြနေပါတယ်” ဟု သမားတော်က ဆိုသည်။

“ရောဂါကူးစက်မှုကို အခြေခံထားတဲ့ ကြိုတင်ကာကွယ်မှုတွေကို ဖယ်ရှားဖို့အတွက် CDC ရဲ့ လမ်းညွှန်ချက်တွေနဲ့အတူ ဘက်စုံအချက်အလက်တွေက သမ္မတ အခြားသူတွေကို ကူးစက်နိုင်ခြေမရှိတော့ဘူးလို့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအဖွဲ့ အကဲဖြတ်မှုတွေကို အကြောင်းကြားထားတယ်” ဟု Conley က ပြောခဲ့သည်။
ထရမ့်သည် အောက်တိုဘာ ၁ ရက်က COVID-19 ကူးစက်ခံရ၍ ဆေးရုံ၌ သုံးရက်ကြာတက်ရောက်ခဲ့ကာ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီး ဆက်လက်ဆေးကုသမှုခံယူခဲ့ပြီးနောက် ပထမဆုံး ပြန်လည်ရွေးကောက်ခံရေး စည်းရုံးရေးခရီးကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ဖလော်ရီဒါပြည်နယ် Sanford မြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

သမ္မတ ထရမ့် သည် ရောဂါကူးစက်မှု မခံရမီနှင့် ကူးစက်ခံရပြီးနောက်တွင် အိမ်ဖြူတော်ဝန်ထမ်း အမြောက်အမြား၌ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် ၂၂ ရက်သာလိုတော့သလို ကြိုတင်မဲပေခြင်းကိုမူ ပြည်နယ်များစွာ၌ ပြုလုပ်လျက်ရှိပြီး နိုင်ငံတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှုမှာ ၇ ဒသမ ၈ သန်းအထိ ရောက်ရှိလာပြီဖြစ်ကာ အောက်တိုဘာ ၁၅ ရက်၌ ၈ သန်းကျော်အထိ ရောက်ရှိလာဖွယ်ရှိကြောင်း NBC News ၏ ခန့်မှန်းချက်အရ သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117