Agriculture
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁ဝ ခုတွင် နွေစပါး ဧက ၃၇၅ဝဝဝ စိုက်ပျိုးရန်လျာထား

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁ဝ ခုတွင် နွေစပါးဧက ၃၇၅,ဝဝဝ စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် နွေစပါးစိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းခရိုင်ရှိ မြို့နယ်သုံးခုတွင် ၁ဝ,၁၂၇ ဧက၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် ၈,၃၅၅ ဧက၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် ဧက ၃,၃၆ဝ၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုတွင် ၂၆၉,၆ဝ၈ ဧက၊ ကန့်ဘလူခရိုင်အတွင်းရှိမြို့နယ်နှစ်ခုတွင် ၃၁,၄၅၅ ဧက၊ ကသာခရိုင်အတွင်းရှိ မြို့နယ်ခုနစ်ခုတွင် ၂၆,ဝ၆၇ ဧက၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင် ၅,၄၉၄ ဧက၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်နှစ်ခုတွင် ၉,၂၇၅ ဧက၊ တမူးခရိုင်အတွင်း တမူးမြို့နယ်တွင် ဧက ၁ဝဝ နှင့် ခန္တီးခရိုင်အတွင်းရှိ မြို့နယ်နှစ်ခုတွင် ၁၁,၁၅၉ ဧက နွေစပါးစုစုပေါင်း ဧက ၃၇၅,ဝဝဝ စိုက်ပျိုးရန်လျာထားကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)