Connect with us

Agriculture

အပူပိုင်းဇုံအတွင်းရှိ တိုင်းဒေသကြီးသုံးခုတွင် မိုးသီးနှံ ၆၄,၈၈၃ ဧကအား စိုက်ပျိုးရေပေးဝေခဲ့

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှစိုက်ပျိုးရေပေးဝေစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိ မြစ်ရေတင်စီမံကိန်း ၁ဝဝ မှ မိုးစပါး ၄၂,၄၇၆ ဧကနှင့် အခြားသီးနှံ ၂၂,၄ဝ၇ ဧက စုစုပေါင်း ၆၄,၈၈၃ ဧကအား စိုက်ပျိုးရေပေးဝေခဲ့ကြောင်း သိရသည်။

ဖော်ပြပါ တိုင်းဒေသကြီး သုံးခုသည် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်တွင်ပါဝင်ကာ ယခင်က စိုက်ပျိုးရေးလုပ်ငန်းများအတွက် သဘာဝမိုးရေ ကိုသာ မှီခိုအားထား စိုက်ပျိုးခဲ့ကြရကြောင်း၊ ယခု အချိန်တွင် နိုင်ငံတော်မှ ဆည်များ၊ တာတမံများ၊ မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေဖြင့် စိုက်ပျိုးရေတွင်းများအား နေရာဒေသအလိုက် လိုအပ် ချက်များကို အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.