Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံတစ်ခု၌လူ ၁၀ဦးတွင် အိုမီခရွန်ဗီဇပြောင်းပိုးတွေ့ရှိ၊ပိုးရှိသူ စုစုပေါင်း ၃၂၀ဦးထိရှိလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုတွင် ယနေ့(ဖေဖော်ဝါရီ ၂ ရက်)၌ လူ ၁၀ဦးတွင် အိုမီခရွန်ဗီဇပြောင်းပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ပြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။အဆိုပါ စက်ရုံရှိ အိုမီခရွန်ဗီဇပြောင်းပိုးရှိသူ ၁၀ဦးအနက်မှ ရောဂါလက္ခနာရှိသူ ၃ဦးအား သတ်မှတ်ဆေးရုံတွင်လည်းကောင်း၊ ကျန် လူနာ ၇ဦးအား သီးခြားခွဲခြား၍လည်းကောင်း ကုသစောင့်ရှောက်ပေးထားကြောင်း သိရသည်။

ယင်း ပိုးတွေ့ရှ်သူများသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ၎င်းတို့နှင့် အနီးကပ်ထိတွေ့သူများအား ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ အထူးအားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ထိ မြန်မာနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းပိုးရှိသူ စုစုပေါင်း ၃၂၀ဦးထိရှိလာကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁-၂-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၂၂,၂၁၉,၅၃၆)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ(၁၈,၉၇၆,၈၉၇)ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၃,၂၄၂,၆၃၉)ဦး ရှိပြီဖြစ်ကြောင်း၊ (၁-၂-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း(၄၁,၁၉၆,၄၃၃)ကြိမ် ထိုးနှံပြီး ထားကြောင်း သိရသည်။(Xinhua)

#အိုမီခရွန်ဗီဇပြောင်းပိုး, #စစ်ကိုင်းတိုင်းဒေသကြီး ,#တမူးမြို့,ကလေး#ဆင်ဟွာ