Connect with us

Education & Health

စစ်ကိုင်းတိုင်းဒေသကြီးရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအတွင်း ကျောင်းသုံးဗလာစာအုပ်များ အပါအဝင် သင်ထောက်ကူပစ္စည်းများ ဖျက်ဆီးခံရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

ကျောင်းသုံးဗလာစာအုပ်များ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသုံးဗလာစာအုပ်များ အပါအဝင် သင်ထောက်ကူပစ္စည်းများ ဖျက်ဆီးခံရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ ဇွန် ၇ ရက်ထုတ် နေ့စဉ်သတင်းစာများတွင် ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။အဆိုပါ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ ဇွန် ၅ ရက် ည ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများက ခိုးဝင်ရောက်ကာ စာသင်ခန်းများအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကိုဖျက်ဆီးခဲ့ပြီး ဆရာ၊ ဆရာမများအား ယုတ်မာရိုင်းစိုင်းစွာ ဆဲဆိုထားသည့် စာသားများ ရေးသားနှောင့်ယှက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအခြေခံပညာမူလတန်းလွန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း နှင့် ၎င်းကလေးငယ်များ၏ ပညာသင်ကြားနိုင်မှု အခွင့်အလမ်းအပေါ် ယခုကဲ့သို့ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးခဲ့သော အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။မြန်မာနိုင်ငံ၌ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)