Connect with us

Culture & Entertainment

ငြိမ်းချမ်းရေးကို လိုလိုလားလားဖြင့် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုင်းရင်းသား လူမျိုးများ ရေး ရာ ဝန်ကြီး ပြောကြား

“သွေးချင်း တို့ရဲ့ ပွဲတော်ဆီ ” ပွဲတော်အား ရန်ကုန်မြို့ ရှိ ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်သို့လာရောက်ကြသည့် နယ်မြေ ဒေသ အသီးသီးမှ တိုင်းရင်းသားများ အားလုံး ၎င်းတို့၏ နယ်မြေဒေသ အသီးသီးသို့ပြန်လည် ရောက်ရှိပါက ငြိမ်းချမ်းရေးကို လိုလိုလားလားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က ယနေ့ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော် ဖြစ်သော “သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော်အား ယနေ့ဇန်နဝါရီ ၂၅ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပခဲ့ရာ ညနေပိုင်းတွင် ပြုလုပ်သော ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

တိုင်းရင်းသား အားလုံး စည်းစည်းလုံးလုံး ညီညီ်ညွှတ်ညွှတ် ရှိရန် လိုအပ်ကြောင်း ၊ တိုင်းရင်းသားများ အားလုံး လိုချင်နေသည့် တည်ငြိမ် အေးချမ်းသည့် ပြည်ထောင်စု နိုင်ငံ ဖြစ်ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေးသည် အဓိက ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး မရလျှင် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က ပြောကြားခဲ့သည်။

ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်တွင် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများအား ယခုကဲ့သို့ဖော်ထုတ်ပြသခြင်းသည် မြန်မာကို ကမ္ဘာက သိအောင် မြှင့်တင်သည့် အနှစ်သာရ ရှိသည့် ပွဲတော် ကြီး ဖြစ်ကြောင်း ယခုကဲ့သို့ပွဲတော်များ ကျင်းပခြင်းအား အနာဂတ်တွင် စဉ်ဆက်မပြတ် ဖော်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုပွဲသည် ရန်ကုန်မြို့တွင် ကျင်းပသည့် ပွဲများ အနက် ကြီးမားသည့် ပွဲတစ်ခု ဖြစ်ကြောင်း ၊ ယနေ့ကျင်းပသည့် ပွဲသည် မြန်မာနိုင်ငံ အတွက် လွန်စွာ မင်္ဂလာ ရှိပြီး သမိုင်း မှတ်တိုင်သစ် တစ်ရပ် အနေဖြင့် တင်ကျန်မည်ဟု ယုံကြည်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာ တင်မျိုးဝင်း က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

“သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော်အား တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု ရိုးရာ ဓလေ့များ ၊ စည်းလုံး ညီညွှတ်မှု နှင့် နေထိုင်မှု ပုံစံများကို မြန်မာနိုင်ငံသားများ သာမက နိုင်ငံခြားသားများပါ စိတ်ဝင်တစား လေ့လာနိုင်ရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာ တင်မျိုးဝင်း ၊ ဒေါက်တာ အောင်ထွန်းသက် နှင့် အသင်း ဥက္ကဋ္ဌ ဦးယောဆတ် တို့ကလည်း အသီးသီး မိန့်ခွန်းများ ပြောကြားခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ ၊ နိုင်ငံခြား သံတမန်များ ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း အသီးသီး တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာ အောင်ထွန်းသက်က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

“သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

“သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

“သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

“သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

“သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများ၏ အက ၊ အလှ ဖျော်ဖြေမှုများဖြင့် တင်ဆက် ပြသခဲ့ကြောင်း သိရသည်။ပွဲတော်တွင် မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသား လူမျိုးစု တစ်စုချင်းစီ၏ ရိုးရာဓလေ့ ၊ အစားအသောက် ၊ ဝတ်စား ဆင်ယင်မှု ၊ ယဉ်ကျေးမှု အဆိုအကများ ၊ လက်မှု ပစ္စည်းများ နှင့် တိုင်းရင်းသား လူမျိုးတို့၏ သမိုင်းကြောင်းများကို ဗဟုသုတ ဖြစ်ဖွယ် လေ့လာ ကြည့်ရှု ရမည့် ပြခန်းများ ၊ ပွဲတော်ကျင်းပရာ ကွင်းအတွင်း တိုင်းရင်းသားများ၏ ရိုးရာ အိမ်ငယ်လေးများကို ပြင်ဆင် ဆောက်လုပ် ထားရှိထားကြောင်း သိရသည်။ပွဲတော်အား မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက် အထိ ဝင်ကြေး အခမဲ့ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.