Connect with us

Culture & Entertainment

တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပ

“သွေးချင်း တို့ရဲ့ ပွဲတော်ဆီ ” ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော် ဖြစ်သော “သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” ပွဲတော်အား ယနေ့ဇန်နဝါရီ ၂၅ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က “ယခုလို တိုင်းရင်းသားများ ပါဝင်တဲ့ ပွဲတော်များ ကျင်းပခြင်းကြောင့် တိုင်းရင်းသားများ အချင်းချင်း တစ်ဦးနဲ့ တစ်ဦး မတူကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ များကို ပိုမို သိရှိ နားလည်လာကြပြီး ရင်းနှီး ချစ်ကြည်မှုများ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။တိုင်းရင်းသား ချစ်ကြည်မှုမှ တစ်ဦးအပေါ် တစ်ဦး ရင်းနှီး ချစ်ခင် ယုံကြည်မှုများ တိုးပွား ရရှိလာမည် ဖြစ်ပြီး သို့မှသာ တိုင်းရင်းသား ညီအကို မောင်နှမများအကြား သံသယ ကင်းစင်ပြီး ခိုင်မာသော ယုံကြည်ချက်များဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး နှင့် တန်းတူ ညီမျှတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး အတွက် ဆွေးနွေး အဖြေရှာနိုင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်း နေထိုင်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖြစ်သည့် အတွက် တိုင်းရင်းသား စည်းလုံး ညီညွှတ်မှုသည် နိုင်ငံတော် အတွင်း အရေးအကြီးဆုံး အချက် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က ထည့်သွင်း ပြောကြားခဲ့သည်။ “သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” ပွဲတော်တွင် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု အက ၊ အလှ တေးသီချင်း ဖျော်ဖြေမှုများ ၊ တိုင်းရင်းသားများ၏ နေထိုင်မှုများ ၊ အသုံးအဆောင်များအား ပြသမည့် ယဉ်ကျေးမှု ပြခန်းများ ၊ ဒေသ အသီးသီးမှ တိုင်းရင်းသား ရိုးရာ အစားအစာများ ၊ ရိုးရာ ဝတ်စုံများ နှင့် ထွက်ကုန် ပစ္စည်းများ ရောင်းချမည့် ဈေးဆိုင်တန်းများ ပြသထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ထို့အတူ ဒေသအသီးသီးမှ တိုင်းရင်းသူလေးများ ပါဝင်ယှဉ်ပြိုင်မည့် Miss Ethnic Myanmar 2019 ပြိုင်ပွဲ ၊ မြန်မာ့ရိုးရာ ဇာတ်သဘင် ဖျော်ဖြေမှုများ ၊ နာမည်ကျော် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှု များဖြင့် ပွဲတော် ကာလ အတွင်း ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က “ဒီပွဲဟာ အင်မတန်မှ မြန်မာနိုင်ငံ အတွက် တန်ဖိုးရှိတဲ့ ပွဲ ဖြစ်ပါတယ်။တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ၊ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ပေးမည့် ပလက်ဖောင်းကြီး တစ်ခု ဖြစ်ပါတယ်။ဒီပွဲမှာ တိုင်းရင်းသား အချင်းချင်း တစ်ယောက်ရဲ့ယဉ်ကျေးမှုကို တစ်ယောက် လေ့လာ တွေ့ရှိနိုင်ပါတယ်။တစ်ယောက် ဖွံ့ဖြိုးရေးကို တစ်ယောက် ဝိုင်းဝန်း ကူညီချင်း အားဖြင့် ငြိမ်းချမ်းရေးကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆတ် က မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

“သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပရာ နေရာသည် ယခင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ပြည်ထောင်စုနေ့ကျင်းပခဲ့ကြောင်း ၊ ယခု နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး ကျင်းပနိုင်ခဲ့သည့် ပွဲဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆတ် က “နောက်နှစ်မှာ ဒီနေ့ လက်နက် ကိုင်နေတဲ့ အဖွဲ့တွေ အားလုံး ဒီပွဲကို ပါဝင် တက်ရောက်ပေးပါ။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ပွဲတော်အား မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက် အထိ ဝင်ကြေး အခမဲ့ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ပွဲတော်တွင် မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသား လူမျိုးစု တစ်စုချင်းစီ၏ ရိုးရာဓလေ့ ၊ အစားအသောက် ၊ ဝတ်စား ဆင်ယင်မှု ၊ ယဉ်ကျေးမှု အဆိုအကများ ၊ လက်မှု ပစ္စည်းများ နှင့် တိုင်းရင်းသား လူမျိုးတို့၏ သမိုင်းကြောင်းများကို ဗဟုသုတ ဖြစ်ဖွယ် လေ့လာ ကြည့်ရှု ရမည့် ပြခန်းများ ၊ ပွဲတော်ကျင်းပရာ ကွင်းအတွင်း တိုင်းရင်းသားများ၏ ရိုးရာ အိမ်ငယ်လေးများကို ပြင်ဆင် ဆောက်လုပ် ထားရှိထားကြောင်း သိရသည်။

ပွဲတော်တွင် ပြသထားသည့် တိုင်းရင်းသား ရိုးရာ ပြခန်းအား တွေ့ရစဉ်(ဆင်ဟွာ)

“သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

“သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” ပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ပွဲတော် ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားလူမျိုးများ၏ နေထိုင်ရာ ဒေသနှင့် ရိုးရာ အဆောက် အအုံများ၊ ဒေသအသီးသီး၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စိတ်ဝင်စားဖွယ်ရာများကို လေ့လာနိုင်ရန် ၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကိုသိရှိ နိုင်ရန်နှင့် ဒေသထုတ်ကုန်များ၊ တိုင်းရင်းသား ရိုးရာအဝတ် အထည်များအား ပိုမိုစိတ်ဝင်စားလာရန်၊ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းစုနှင့် လုပ်ငန်းရှင်များအကြား ပိုမို ထိတွေ့ရင်းနှီးလာပြီး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အထောက် အကူပြုသွားနိုင်ရန် ဖြစ်ကြောင်း သိရသည်။(Xinhua)