Connect with us

Culture & Entertainment

မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ်ပြိုင်ပွဲ၌ ရှစ်ပါးရတနာ သရဖူကို ကချင်တိုင်းရင်းသားကိုယ်စားပြု အလှမယ် ရရှိ


ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိသော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ်ပြိုင်ပွဲ၌ (Miss Ethnic Myanmar 2019 )winnerရရှိသော ကချင်တိုင်းရင်းသားကိုယ်စားလှယ် အလှမယ် M Ja Sengသည် သိန်း ၅၀တန် ရှစ်ပါးရတနာ သရဖူဆုကို ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသောMiss Ethnic Myanmar ပြိုင်ပွဲ Grand Finalပြိုင်ပွဲကြီးတွင် winnerရရှိသူသည် ကျပ် သိန်း၅၀တန်ဖိုးရှိ ရှစ်ပါးရတနာ သရဖူ၊ ငွေသားကျပ် သိန်း၁၅၀၊မြန်မာနိုင်ငံရိုးရာယဉ်ကျေးမှု ခရီးသွားမြှင့်တင်ရေးတွင် သံတမန်အဖြစ် ဆောင်ရွက်ခွင့်အပြင် အလှကုန်နှင့် အဝတိအထည် သုံးစွဲခွင့်များလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

“တစ်နှစ်တာ ဆောင်ရွက်ရမယ့် လုပ်ငန်းတာတွေကို ကျေပွန်အောင် ထမ်းဆောင်မယ်၊ ငြိမ်းချမ်းဖို့ စစ်ဘေးသင့်ပြည်သူတွေ ဆီသွားရောက်ကူညီချင်ပါတယ်”ဟု winner ဆုရှင် ကချင်တိုင်းရင်းသားကိုယ်စားလှယ် အလှမယ် M Ja Sengက ပြောကြားသည်။

မြန်မာနိုင်ငံတိုင်းရင်းသား အလှမယ် ဆု ,သွေးချင်းတို့ရဲ့ပွဲတော်ဆီပုံစာ- မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ်ပြိုင်ပွဲ၌ တိုင်းရင်းသားကိုယ်စားပြုအလှမယ်များ ယှဉ်ပြိုင်စဉ်(ဆင်ဟွာ)

အဆိုပါ ပြိုင်ပွဲတွင် 1st Runner Up ဆုကို ကယန်း တိုင်းရင်းသူ Ann Grace က လည်းကောင်း ၊ 2nd runner up ဆုကို ချင်းတိုင်းရင်းသား ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ အလှမယ် Sabina lal Rem Ruat က လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတိုင်းရင်းသား အလှမယ် ဆု ,သွေးချင်းတို့ရဲ့ပွဲတော်ဆီပုံစာ- မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ်ပြိုင်ပွဲ၌ တိုင်းရင်းသားကိုယ်စားပြုအလှမယ်များ ယှဉ်ပြိုင်စဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံတိုင်းရင်းသား အလှမယ် ဆု ,သွေးချင်းတို့ရဲ့ပွဲတော်ဆီပုံစာ- မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ်ပြိုင်ပွဲ၌ တိုင်းရင်းသားကိုယ်စားပြုအလှမယ်များ ယှဉ်ပြိုင်စဉ်(ဆင်ဟွာ)

Miss Ethnic Myanmar ပြိုင်ပွဲကို တိုင်းနှင့် ပြည်နယ်အသီးသီးက တိုင်းရင်းသား ၄၁ဦးက ဝင်ရောက်ယှဉ်ပြိုင်ပြီး အဆိုပါ ပြိုင်ပွဲဝင်များမှ Top 20၊ Top 10 အဆင့်ဆင့်ရွေးချယ်ခဲ့ကြောင်း သိရသည်။

ပွဲတော်တွင်ပါဝင်သည့် တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲ “Miss Ethnic Myanmar 2019” ကို တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများ၊ ခရီးသွား လုပ်ငန်းများကို မြှင့်တင်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုး အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၏ သံတမန်အဖြစ် ကိုယ်စားပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.