Connect with us

Culture & Entertainment

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ၃၀၀ ကျော်နှင့် ချိတ်ဆက်ဆောင်ရွက်မည်

တိုင်းရင်းသားလူမျိုးများ၏ ၀တ်စားဆင်ယင်မှုပြခန်းအားတွေ့ရစဉ် (MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ အတွေးအခေါ်၊ ယဉ်ကျေး မှု၊ ရိုးရာဓလေ့နှင့် ပွဲတော်များစသည့် ထိတွေ့ကိုင်တွယ်၍ မရသော ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ၃၀၀ ကျော်နှင့် ချိတ်ဆက်ပြီး ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။

“ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်”ကို သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနက ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အနေဖြင့်လည်း တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းကူညီ ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၀ ကျော် ပေါင်းစည်းနေထိုင်ကြပြီး နိုင်ငံ၏နေရာ ဒေသအသီးသီးတွင် ပျံ့နှံ့နေထိုင်လျက် ရှိရာ တိုင်းရင်းသားလူမျိုးများ၏ သမိုင်း အရ၊ ယဉ်ကျေးမှု အနုပညာအရပါ တန်ဖိုး ကြီးမားသည့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ၊ နေရာ၊ ဝတ္ထုပစ္စည်း စသည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်များသည်လည်းနိုင်ငံ၏ နေရာဒေသ အနှံ့အပြားတွင် များစွာတည်ရှိနေကြောင်း အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ပြောကြားသည်။

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းကို ဇန်နဝါရီ ၂၂ရက်မှ ၂၄ ရက်ထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသည် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ အတွေးအခေါ်၊ ယဉ်ကျေး မှု၊ ရိုးရာဓလေ့နှင့် ပွဲတော်များစသည့် ထိတွေ့ကိုင်တွယ်မရသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းသို့ တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်း စဉ်နှင့် လုပ်ထုံးလုပ်နည်း များကို သိရှိ နားလည်ပြီး ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဆိုသည်။

ကမ္ဘာ့နိုင်ငံများ အနေဖြင့်လည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အရေးကြီးသော အခန်းကဏ္ဍ တစ်ခု အဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံ၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် တည်ရှိမှု နှင့် ထိန်းသိမ်းစောင့်ရှောက်မှုများတွင် အလေးထား တန်ဖိုးထားမှုများနှင့် နိုင်ငံတကာအသိ အမှတ်ပြုမှုများ ရရှိလာ စေရန် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့် ရှောက်ရေး ကွန်ဗင်းရှင်းတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းဝင် နိုင်ငံဖြစ်သည်နှင့်အညီ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့် ရှောက်ရေးနှင့် သတ်မှတ်ဖော်ထုတ်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.