Connect with us

Culture & Entertainment

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) တွင် အွန်လိုင်းပညာရေးစနစ်ဖြင့် စတင်သင်ကြားလျက်ရှိ 

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

 

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) 

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် တွင် တက်ရောက် ပညာသင်ကြားလျက် ရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား ဇွန်လ ဒုတိယပတ်မှစ၍ အွန်လိုင်းပညာရေးစနစ်ဖြင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းများပြန်ဖွင့်ချိန် ရေရှည်တွင်လည်း အွန်လိုင်းပညာရေးစနစ်ကို ပူးတွဲအသုံးပြုသွားမည်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ဒုတိယပါမောက္ခချုပ် ဦးမောင်မောင်ဇော်ထက်က ဆင်ဟွာသို့ ယနေ့ဇွန် ၁၅ ရက်တွင်ပြောသည်။

ဦးမောင်မောင်ဇော်ထက်က “အခုကျွန်တော်တို့ ရဲ့ အွန်လိုင်းပညာရေးကို ကျောင်းသားအယောက် ၄၉၀ လောက် တက်ရောက်သင်ကြားနေပါတယ်။ ဒီနေ့ ကတော့ Zoom Application နဲ့ ဆရာနဲ့ ကျောင်းသားတွေ ဆွေးနွေးတယ်။ ယာယီ အနေနဲ့ Facebook  Close Group သုံးတယ်။ နောက်ပိုင်းမှာလည်း အွန်လိုင်းပညာရေး စနစ်ကို တွဲပြီးအသုံးပြုသွားဖို့ရှိတယ်။ ကျောင်းပြန်ဖွင့်ရင် အွန်လိုင်း E-Library အသုံးပြုတာတို့  ၊ လက်ချာတွေကို ဆွေးနွေးတာတို့ ကိုအွန်လိုင်းပညာရေးစနစ်နဲ့  ဆက်ပြီး အသုံးပြုဖြစ်မှာပါ။’’ ဟုပြောသည်။

အွန်လိုင်းပညာရေးစနစ်ကိုပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ ပညာရေးကာလအကျိုးဖြစ်ထွန်းစေရန်၊ကုန်လွန်နေသောအချိန်နှင့်အညီ ပညာရေးတိုးတက်မှု               အထောက်အကူဖြစ်စေရန်၊Digital Online Platform အသုံးပြုခြင်းအတွေ့အကြုံများ ရရှိစေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

“ကျောင်းတွေက ပြန်ဖွင့် ဆိုတဲ့ အချိန် မှာ မှ ပြန်ဖွင့်ရမှာ။ ကျောင်းဖွင့်တဲ့အချိန်မှာလည်း အွန်လိုင်းမှာ သီအိုရီ တွေ ကို ကြိုပြီးဆွေးနွေးလို့ရတယ်။ လက်တွေ့ပိုင်းကြတော့ အွန်လိုင်း နဲ့ သင်ဖို့ ကအားနည်းချက် ရှိတယ်။  နောက်ပိုင်းက အွန်လိုင်းက တွဲပြီး သွားရမယ့် အခြေအနေ ရှိပါတယ်။ ရေရှည်အတွက် ရည်ရွယ်ထားပါတယ်။ ပြီးတော့နောက်မျိုးဆက်တွေကိုလည်း အွန်လိုင်းသင်ကြားရေးစနစ်တွေ နဲ့ ရင်းနှီးအသုံးပြုတတ်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.