Connect with us

Culture & Entertainment

(၇၃) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်ရှိဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် နတ်မောက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တို့ကို အွန်လိုင်းမှ ပြသမည်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အား တွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

(၇၃) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ  ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် နတ်မောက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တို့အားအာဇာနည်နေ့မတိုင်မီ ဇူလိုင် ၁၆ ရက် မှစ၍ အွန်လိုင်း မှ ပြသသွားမည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာကို ဇူလိုင် ၁၀ ရက်တွင်ပြောသည်။

ဦးကိုကိုနိုင်က “ COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလ ဖြစ်တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်)တို့ကို ကျွန်တော်တို့ ခဏပိတ်ထားရပေမယ့်  အများပြည်သူ ကြည့်ရှုနိုင်ဖို့အတွက်  အွန်လိုင်းကနေ ပြသပေးဖို့ ကျွန်တော်တို့ စီစဉ်ရခြင်းဖြစ်ပါတယ်’’ ဟုပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်) တို့အား  http://www.national-museumyangon.gov.mm ဝက်ဆိုက်တွင်လည်းကောင်း၊http://www.facebook/ nationalmuseumyangonတွင် လည်းကောင်း၊ http://www.generalaungsan-museum. comတို့တွင် လည်းကောင်း အများပြည်သူများ အနေဖြင့်  ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ် ဘဝပုံရိပ်များကိုပြသထားပြီး ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် ၁၉၄၅ ခုနှစ် မေလ မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ဗိုလ်ချုပ်‌‌အောင်ဆန်း လုပ်ကြံခံရသည်အထိ နေထိုင်ခဲ့သော ပုံရိပ်တို့ကို ပြသထားရာ ဇူလိုင် ၁၆ ရက်မှစတင်၍  ပြတိုက်နှစ်ခုအား အွန်လိုင်း သုံးခုမှ အများပြည်သူ ကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.