Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော် ပြန်လည် ဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲတင်ပြရန်ညွှန်ကြားထားဟုဆို 

၂၀၁၉ ခုနှစ် ဧပြီ ၁၇ ရက်က ရွှေတိဂုံ စေတီတော် ရင်ပြင်၌ မီးပူဇော်နေသူ ဘုရားဖူးများ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) 

COVID- 19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း ယာယီပိတ်ထားသည့် ရွှေတိဂုံစေတီတော်အား ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ အနေဖြင့် စီမံချက်ရေးဆွဲကာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့တင်ပြရန် ညွှန်ကြားထားကြောင်းသာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ယနေ့ ဇူလိုင် ၁၅ ရက်တွင်ပြောကြားသည်။

 “ကျန်းမာရေးနဲ့  အားကစားဝန်ကြီးဌာန က ညွှန်ကြားချက် တွေ နဲ့ အညီ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ က အသေးစိတ်စီမံချက်ရေးဆွဲပြီး တင်ပြပေးဖို့ ပြောထားပါတယ်။’’ ဟု ဦးအောင်ဆန်းဝင်း က ဆိုသည်။အဆိုပါ စီမံချက် နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန အနေဖြင့်  COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့်  ဗဟိုကော်မတီသို့ ဆက်လက် တင်ပြ ညှိနှိုင်း သွားရမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူးခြင်း၊ တရားထိုင်ခြင်း၊ အဓိဋ္ဌာန် ဝင်ခြင်းများအတွက် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များနှင့်အညီ Social Distancing ဖြစ်စေရေး သုံးပေစီခြား၍ ဘုရားဖူးနိုင်ရန်  ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ မှစီစဉ်ထားကြောင်း၊ ထို့ပြင် ရွှေတိဂုံစေတီတော်၌ ပိုးသတ်ဆေးဖျန်းရုံလေးခုကို အထူးအစီအစဉ်ဖြင့်  တပ်ဆင်ထားရှိပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် အဆိုပါ ပိုးသတ်ဆေး ဖျန်းရုံများမှ တစ်ဆင့် ဖြတ်သန်းဝင်ရောက် နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117