Connect with us

Education & Health

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဧရာဝတီ တိုင်းဒေသကြီးမှ အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း ထုတ်ပြန်

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက်နှင့် ဂုဏ်ထူး ဦးရေပြဇယား (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယနေ့ ထုတ်ပြန်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင် အောင်ချက် ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး အောင်မြင်သူ ၅၀.၇၈ ရာခိုင်နှုန်း ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနမှ သတင်းထုတ်ပြန်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ၂၀၁၄-၁၅ ပညာသင်နှစ် ဖြေဆိုသူ စုစုပေါင်း ၅၉၇,၉၄၆ ဦးရှိပြီး စာမေးပွဲ အောင်မြင်သူ ၂၂၄, ၈၄၇ ဦးရှိသဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သည့် အောင်ချက်ရာခိုင်နှုန်းမှာ ၃၇.၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ စာမေးပွဲအောင်မြင်သူများတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၅၃,၂၂၅ ဦးရှိပြီး ဘာသာရပ်အနေဖြင့် ဂုဏ်ထူးရဘာသာ အရေအတွက် တစ်သိန်းနီးပါး ရှိကြောင်း၊ ၎င်းပမာဏမှာ ပုံမှန်ထက် များပြားကြောင်း အထက်တန်းပြဆရာမ တစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးတွင် ဘာသာစုံ ဂုဏ်ထူး ရရှိသူဦးရေ စုစုပေါင်း ၈၂၉ ဦးရှိသည့်အနက် ရန်ကုန်တိုင်း ဒေသကြီးတွင် ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၄၃၉ ဦးရှိသောကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဂုဏ်ထူးရရှိသူ ဦးရေ အများဆုံးဖြစ်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း ၃၆ ရာခိုင်နှုန်းရှိကြောင်း သတင်းထုတ်ပြန်သည်။

၂၀၁၅ ခုနှစ် မတ်လ၌ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးနှင့် ပြည်ပရှိ မြန်မာသံရုံးများတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကျင်းပခဲ့ပြီး ၊ ယခုနှစ်တွင် စာမေးပွဲ အောင်စာရင်း ရလဒ်များကို နေရာဒေသမရွေး၊ အချိန်မရွေး လွယ်လင့်တကူ ကြည့်ရှုနိုင်ရေးအတွက် ဝက်ဘ်ဆိုဒ် မှတဆင့် ထုတ်ပြန်နိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ပြီး ဝက်ဘ်ဆိုဒ် မှ အောင်စာရင်းအား ကြည့်ရှုနိုင်သော်လည်း ဆိုက်ဘာ တိုက်ခိုက်မှု ခံရနိုင်သည့် အတွက် အောင်စာရင်း ရလဒ်များ မှားယွင်းစွာ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဝက်ဘ်ဆိုဒ် တွင် ဖော်ပြထားသော အောင်စာရင်း ရလဒ်များသည် စာစစ်ဌာနများတွင် ကြေငြာထားသော အောင်စာရင်းများ (မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနရှိ အောင်စာရင်းများ) နှင့် ကွဲလွဲမှုများရှိပါက စာစစ်ဌာနများရှိ အောင်စာရင်းများကိုသာ အတည်မှတ်ယူမည် ဖြစ်ပါကြောင်း ပညာရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် တရားဝင် ကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.