Connect with us

Education & Health

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်း Online မှ ထုတ်ပြန် 

ရန်ကုန်မြို့၌ Online မှ ထုတ်ပြန်သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းအား လက်ကိုင်ဖုန်းဖြင့် မိသားစုလိုက် ကြည့်ရှုနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ Website များမှ ယနေ့ ဩဂုတ် ၉ ရက် ၊ နံနက် ၀၀ : ၃၀ နာရီမှ စတင်၍ အသိပေး ထုတ်ပြန်ကြေညာခဲ့သည်။ 

COVID -19 ရောဂါကာကွယ်ထိန်းချုပ်‌တားဆီးရေး အဓိက ဦးစားပေးဆောင်ရွက်နေရသော ကာလဖြစ်သဖြင့် ယခုကဲ့သို့ Online မှ ကြေညာခြင်း ဖြစ်ပြီး Online ဖြင့် အောင်စာရင်းကြည့်ရှုရာတွင် အင်တာနက်လိုင်းမရသော ဒေသများနှင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲသောဒေသများအတွက် အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မေးမြန်းစုံစမ်းနိုင်ရန် Call Center အဖွဲ့ (၇) ဖွဲ့ဖြင့် လက်ခံဖြေကြား ပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ 

Online မှ ထုတ်ပြန်သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းအား လက်ကိုင်ဖုန်းဖြင့် ကြည့်ရှုနေမှုအား တွေ့ရစဉ် (ဆင်ဟွာ) 

Online မှ ထုတ်ပြန်သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းအား Laptop ဖြင့် ကြည့်ရှုနေမှုအား ယနေ့ တွေ့ရစဉ်(ဆင်ဟွာ) 

Online မှ ထုတ်ပြန်သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းအား လက်ကိုင်ဖုန်းဖြင့် ကြည့်ရှုနေ‌ေသာ‌ေကျာင်းသားတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ) 

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ Website တွင် ထုတ်ပြန် ကြေညာထားမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့အတူ Online ဖြင့် အောင်စာရင်း ထုတ်ပြန်ပြီးနောက် ဩဂုတ် ၁၀ ရက်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေး အတွက် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ၊ လမ်းညွှန်ချက်များ နှင့်အညီ သက်ဆိုင်ရာ စာစစ်ဌာန ဖွင့်လှစ်သော ကျောင်းများတွင် ဖြန့်ဝေပေးထားသည့် အောင်စာရင်းများကို ကျောင်းအုပ်ကြီး နှင့် တာဝန်ကျ ဆရာ/ဆရာမများ၏ ကြီးကြပ်မှုဖြင့် အောင်စာရင်း လာကြည့်သူများ တစ်ဦးနှင့် တစ်ဦး (Physical Distancing) အနည်းဆုံး ၆ ပေ ကွာခြား၍ ကြည့်ရှုနိုင်ရန် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ကြည့်ရှု ခွင့်ပြုရန် အတွက် စီစဉ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လက်မှတ် ထုတ်ပေးခြင်း၊ အဖြေလွှာ ပြန်လည် စစ်ဆေးပေးရန် လျောက်ထားခြင်း (Complaint) အစီအစဉ်များကို လတ်တလော ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ထပ်မံ အသိပေး ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ကြေညာထားသည်။ (Xinhua)