Connect with us

Education & Health

မြို့ကြီးသုံးမြို့တွင် အမေရိကန် ဒေါ်လာ ၂၄၄ သန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှှို့ဖျက်ဆီး

(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့၌ မီးရှို့ဖျက်ဆီးနေစဉ် (ဓာတ်ပုံ- MKS)

နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုကို တိုက်ဖျက်ရေးနေ့၌ မြန်မာနိုင်ငံ အနှံ့အပြားမှ ဖမ်းဆီးရမိခဲ့သည့် မူးယစ် ဆေးဝါးများထဲမှ အမေရိကန် ဒေါ်လာ ၂၄၄.၆၅၄၄ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြို့ကြီးသုံးမြို့နယ်တွင် မီးရှှို့ဖျက်ဆီးခဲ့ကြောင်း မူးယစ်တိုက်ဖျက်ရေး စီမံဌာနမှ ရဲမှူးကြီး ဦးဇော်လင်းထွန်းက ပြောကြားသည်။

အဆိုပါ (၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို နေပြည်တော် MICC-2 တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်ခဲ့သည်။

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု လျော့ကျစေရန် နိုင်ငံတကာ အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အမေရိကန် နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့(DEA)၊ သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့ (AFP) တို့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးနှင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အခမ်းအနား မိန့်ခွန်းတွင် ပြောကြားသည်။

(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့၌ ဖျက်ဆီးနေစဉ် (ဓာတ်ပုံ- MKS)

(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တက်ရောက်လာသူများ အားတွေ့ရစဉ် (ဆင်ဟွာ)

(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အားတွေ့ရစဉ် (ဆင်ဟွာ)

လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ် လျော့ကျစေရန် နှင့် ဘိန်းစိုက်တောင်သူများ၏ အစားထိုးဝင်ငွေရ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူထုလှုပ်ရှားမှု အသွင်ဖြင့် ယခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အထူးစီမံချက်ကို ဇုန်(၃) ဇုန်ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်း၊ ပင်လုံနှင့် လွိုင်လင်မြို့နယ်များတွင် ၂၀၁၅ ခုနှစ် မေ ၂၆ ရက်မှ ဇွန်၂၆ ရက်ထိ ဆောင်ရွက်လျှက်ရှိသည်။

ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ သုံးမြို့တွင် ဖမ်းဆီးရမိသော ဘိန်း၊ ဘိန်းဖြူ၊ အဆင့်မြင့်ဘိန်း၊ ဘိန်းဆီခဲ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ အိုက်စ်၊ စိတ်ကြွဆေးအကြေမှုန့်၊ ဘိန်းမျိုးစေ့၊ ဘိန်းစာမှုန့်၊ ဘိန်းညိုမှုန့်၊ ကဖင်း၊ အက်ဖီတမင်း စသည့် မူးယစ်ဆေးများကို မီးရှှို့ဖျက်ဆီးခဲ့သည်။ယခုနှစ် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသော အရေအတွက်သည် ယခင်နှစ်ထက် ပိုမိုများပြားခဲ့ပြီး ၂၀၁၄ ခုနှစ်က သုံးမြို့နယ်တွင် အမေရိကန် ဒေါ်လာ ၁၄၀.၆၂၃ သန်းကျော်သာ မီးရှှို့ဖျက်ဆီးနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.