Connect with us

Education & Health

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုရန်စာစစ်ဌာန (၁၀၀) ကျော်တိုးချဲ့ထား

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးထွက်လာသောကျောင်းသား၊ ကျောင်းသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ တွင် ဖြေဆိုရန်စာရင်းပေးသည့် ကျောင်းသားဦးရေသည်  ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသည့် ကျောင်းသားဦးရေထက် ၁ သိန်းကျော် ပိုများလာသည့် အတွက် စာစစ်ဌာနများကိုလည်း (၁၁၃)ခုပိုမိုတိုးချဲ့ဆောင်ရွက်ပေးထားကြောင်း ပညာရေးဝန်ကြီးဌာန၊  မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆင်ဟွာကိုပြောသည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် စာစစ်ဌာန စုစုပေါင်း (၁၉၉၀) ခုအထိရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင် စာမေးပွဲအား ဖြေဆိုရန် ယခင်နှစ်တွင် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူဦးရေ(၈)သိန်းခွဲခန့်သာရှိသော်လည်း ယခုနှစ်တွင်ဖြေဆိုရန် (၉၇၀,၇၅၉)ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ်လ ၁၁ ရက်မှ မတ်လ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.