Connect with us

Education & Health

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သို့ သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်းကုန်ဆုံးရက်ထက် ၁ ရက်ကျော်လွန်ပါက ၁လစာဒဏ်ကြေးကောက်ခံမည် 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သို့ သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်းကုန်ဆုံးရက်ထက် ၁ ရက်ကျော်လွန်ပါက သက်တမ်းလွန်ကာလ ၁ လအဖြစ် သက်တမ်းလွန်ဒဏ်ကြေးကောက်ခံသွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က ဖေဖော်ဝါရီ ၂၅ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးရှိ အစားအသောက်လုပ်ငန်းများ နှင့် သောက်ရေသန့်လုပ်ငန်းများသည် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် (သက်တမ်းတိုး) ရာတွင် ယခု အသိပေးကြေညာချက် နှင့် အကျုံးဝင်ကြောင်း သိရသည်။  (Xinhua)