Education & Health
လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပိုမို ပေးအပ်နိုင်ရေး မျှော်လင့်ဟု ICRC ဆို

ရန်ကုန် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)
လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများက နောင်တွင် သွားလာရေး ခက်ခဲသည့် နေရာများရှိ ပြည်သူများအား ကူညီနိုင်မည်ဟု မျှော်လင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr.Jurg Montani က ယနေ့ ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ယခု အခါ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံ၌ ကူညီ ထောက်ပံ့မှု လုပ်ငန်းများအား ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် စသည့် နေရာများတွင် လုပ်ဆောင်နေကြောင်း သိရသည်။ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်က ၎င်းတာဝန် ထမ်းဆောင်ခဲ့သည့် ကာလ အတွင်း အတွေ့အကြုံကောင်းများ ၊ စိန်ခေါ်မှုကောင်းများ ကြုံတွေ့ခဲ့ရကြောင်း ၊ ယခုအခါတွင် ICRC ၏ လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr.Jurg Montani သည် မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယနေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)