Connect with us

Politics, Law & Military

ICRC သည်လူမျိုးဘာသာခွဲခြားမှုမရှိဘဲ ကူညီမည်ဟု ICRC ဥက္ကဋ္ဌ ပြော

ICRC President Mr. Peter Maurer က မီဒီယာများအား ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန်လ ၂၉ ရက် (ဆင်ဟွာ)

ICRC ဥက္ကဋ္ဌ Mr. Peter Maurer သည် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ယနေ့ တွေ့ဆုံခဲ့ရာတွင် အပြုသဘောဆောင်သည့် အပြန် အလှန် ဆွေးနွေးမှုများ အပေါ် အားရကျေနပ်မှု ရှိခဲ့သည် ဟု နေပြည်တော်ရှိ သတင်းမီဒီယာများအား ယနေ့ညနေပိုင်း၌ ပြောကြားခဲ့သည်။

“အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆွေးနွေးမှုကို အားရကျေနပ်မိပါတယ်၊ လူသားချင်း စာနာ ထောက်ထားမှုနဲ့ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ တစ်မူထူးတဲ့ အခန်းကဏ္ဍနဲ့ ပါဝင်ဆောင်ရွက်မှု တန်ဖိုးကို ပြောကြားခဲ့ပါတယ်၊ ရခိုင်၊ ကချင်နဲ့ ရျမ်းပြည်နယ်တွေ အပါအဝင် ပဋိပက္ခ နဲ့ အကြမ်းဖက်မှုဒဏ် ခံရသူတွေကို ကူညီထောက်ပံ့ရာမှာ မြန်မာနိုင်ငံက လူတွေကို ရေရှည် အကူအညီပေးသွားမှာ ဖြစ်တဲ့ အကြောင်းကိုလည်း ကျွန်တော် အတည်ပြု ပြောကြားခဲ့ပါတယ်” ဟု နေပြည်တော် The Hotel Max တွင် ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သော သတင်းစာရှင်းပွဲ၌ ၎င်းက ပြောခဲ့ ခြင်း ဖြစ်သည်။

နေပြည်တော် The Hotel Max တွင် ကျင်းပနေစဉ် (ဆင်ဟွာ)

လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေခံ လုပ်ငန်းစဉ်များသည်ပင် ပါဝင် ပတ်သက်သူများ၊ သက်ဆိုင်ရာ အာဏာပိုင်များအကြား ယု့ကြည် စိတ်ချရသည့် ဆက်ဆံရေးများ လိုအပ်ကြောင်း၊ ICRC သည် လူမျိုး ဘာသာ ခွဲခြားမှု မရှိဘဲ ကြားနေပြီး လွတ်လပ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဟူသည့် တင်းကျပ်သည့် အခြေခံ မူကို ကျင့်သုံးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရပ်ရွာလူထု အသိုက်အဝန်းများအတွက် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များနှင့်အညီ ရေရှည် ဖြေရှင်းနိုင်မည့် နည်းလမ်း များ တည်ဆောက်ရာတွင် အကူအညီပေးသွားရန် ICRC က အဆင့်သင့် ရှိကြောင်းလည်း Mr. Peter Maurer က ပြောခဲ့သည်။

“ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်၊ ဒီလို ထိလွယ် ရှလွယ်တဲ့ အရေး ကိစ္စ တွေ နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အသိပေးရာမှာ Positive feedback ကိုပဲ ဆောင်ရွက်ပါမယ်၊ ဒီလို ကျွန်တော်တို့ရဲ့ သိုသိုသိပ်သိပ် ပြောဆို ဆွေးနွေးတဲ့ နည်းလမ်းတွေ နဲ့အတူ မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့တဲ့ ကျွန်တော်တို့ရဲ့ ထိတွေ့ဆက်ဆံမှုဟာ ဒီကနေ့ရဲ့ ခက်ခဲတဲ့ ပြသနာတွေကို တုံ့ပြန် ဖြေရှင်းရာမှာ အဆင်ပြေ ချောမွေ့စေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟုလည်း ICRC ဥက္ကဋ္ဌက ပြောခဲ့သည်။

Mr. Peter Maurer ၏ ရခိုင်ပြည်နယ်သို့ ယခုတစ်ကြိမ်လာရောက်မှုမှာ တတိယ အကြိမ်ဖြစ်သော် လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ သွားရောက်ကြည့်ရှုခြင်းကမူ ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ဘူးသီးတောင်နှင့်မောင်တောမြို့များတွင် ကြက်ခြေနီအဖွဲ့၏ ရွေ့လျား ဆေးပေးခန်းများ နှင့် အစားအစာများ ပေးဝေနေခြင်းကို ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ဇွန်လ ၃၀ရက်နေ့တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး ကြက်ခြေနီ ဝန်ထမ်းများ၊ အစိုးရ အရာရှိများနှင့် တွေ့ဆုံ့ခြင်း၊ မြေပြင် အခြေအနေများကို လေ့လာခြင်းများ ဆောင်ရွက်မည်ဟု သိရသည်။ (Xinhua)