Connect with us

Education & Health

အမျိုးသား ကျန်းမာရေး အာမခံစနစ် ထူထောင်ရန် လွှတ်တော် အတည်ပြု

နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၀န်ကြီးရုံးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံသားတိုင်းအား ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ အချိန်မီ ရရှိစေမည့် အမျိုးသား ကျန်းမာရေး အာမခံ စနစ် ထူထောင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ပြည်သူ့လွှတ်တော်၌ ဆွေးနွေး အတည်ပြုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်း၏ အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးတို့က ယနေ့ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့ဲကြရာ ၁၃ ဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကလည်း ၎င်းအဆိုကို အတည်ပြုသင့်ကြောင်း သဘောထား တင်ပြခဲ့သည့် အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

“အမျိုးသား ကျန်းမာရေး အာမခံစနစ်(National Health Insurance System)တည်ထောင် ဆောင်ရွက်နိုင်ရန် resource and technical support လိုအပ်ပါသဖြင့် အချိန်ယူပြီး plan ချမှတ် ဆောင်ရွက်သင့်ကြောင်း အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနက တင်ပြခဲ့ပါတယ်၊ ကုသရေး ဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနဲ့ အားကစားနှင့် ကာယပညာ ဦးစီးဌာနတွေကလည်း ဒီအဆိုကို အတည်ပြုသင့်ကြောင်း တင်ပြခဲ့ပါ တယ်၊ သို့ပါ၍ ဒေါက်တာ စံရွှေဝင်းရဲ့ အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အတည်ပြုသင့်ပါ ကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ထိုသို့ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဥပဒေများ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ နည်းဥပဒေများ ထုတ်ပြန်ခြင်း၊ ပြည်သူလူထုက နားလည်လက်ခံကာပူးပေါင်းဆောင်ရွက်လာရေးအတွက် ကြိုးပမ်းခြင်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများ၊ စသည့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း လည်း ဒေါက်တာ မြင့်ထွေးက ပြောခဲ့သည်။

နိုင်ငံတော်သည် ကျန်းမာရေးအသုံးစရိတ်ကို ၂၀၀၉ ခုနှစ်တွင် GDP ၏ ၀ ဒသမ ၂ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ရာမှ ၂၀၁၄ တွင် GDP ၏ ၁ ရာခိုင်နှုန်းကျော် သုံးစွဲခဲ့သော်လည်း စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ် WHO ၏ လူတစ်ဦးချင်းစီ၏ ရှင်သန် သက်မွေးမှုဆိုင်ရာ တစ်နှစ်တာ အခြေခံ လိုအပ်ချက်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာ ရှိရာ မြန်မာနိုင်ငံ လူဦးရေ ၅၂ သန်းအတွက် တစ်နှစ်လျှင် ဒေါ်လာ သန်း ၂၆၀၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လက်ရှိ ကျခံမှုမှာ တစ်နှစ်လျှင် ဒေါ်လာ ၆၀၀ မှ ၇၀၀ ကြားသာ ရှိသဖြင့် လိုအပ်ချက် များစွာ ရှိနေကြောင်း၊ လူတိုင်း လက်လှမ်းမီ

သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းသည် အရည်အသွေးပြည့် ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများကို လူတိုင်းအား ငွေကြေးပြသနာ လုံး၀ မရှိဘဲ ရရှိစေမည်ဖြစ် ကြောင်း၊ ပြည်သူအားလုံးကို လွှမ်းခြုံမည့် အမျိုးသား ကျန်းမာရေး အာမခံ စနစ်သည် ဥပဒေနှင့်အညီ လူတိုင်း မပါမဖြစ် ပါဝင်ရသော စနစ်ဖြစ်ကာ လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များသို့ရောက်ရှိအောင် ပို့ပေးနိုင်သည့် စနစ် ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော်က ကောက်ယူရရှိသော အခွန်အခ ဝင်ငွေဖြင့် မတည် ထူထောင်ကာ နိုင်ငံသားတိုင်းက တစ်ဦးချင်း ထည့် ဝင်ရမည့် ငွေကြေးပမာဏ အနည်းဆုံး ဖြစ်ရန် စီမံနိုင်ကြောင်း၊ တစ်ဦးချင်း ထည့်ဝင်ငွေ မတတ်နိုင် သော ဆင်းရဲချို့တဲ့သူများအတွက် နိုင်ငံတော် ဘဏ္ဍာငွေဖြင့် စိုက်ထုတ်ပေးခြင်း၊ သို့မဟုတ် နိုင်ငံ တော်က ရှာဖွေ စီမံခြင်းတို့ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.