Connect with us

Environment, Disasters & Accidents

ကြည့်မြင်တိုင် တဘက်ကမ်းတွင် အိမ်ခြေ (၁၆၀) ကျော် မီးလောင်

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၌ မီးလောင်ကျွမ်းသော နေရာတွင် မီးသတ်သမားများ မီးငြိမ်းသတ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ကြည်မြင်တိုင်မြို့နယ်၊ လှိုင်မြစ် တစ်ဘက်ကမ်းရှိ ဘလုတ်ညွှန့် ကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ခန့်က စတင်၍ ၄ နာရီနီးပါးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ (၁၆၀) ကျော် မီးလောင်ဆုံးရှုံး ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

မီးစတင်လောင်ကျွမ်းနေသော နေရာသည် မြစ်တစ်ဘက်ကမ်းတွင် ဖြစ်နေခြင်းကြောင့် မီးသတ်ကားများ ခရီးကြန့်ကြာခဲ့ရကြောင်း သစ်၊ ဝါး၊ ဓနိအိမ် အများစုဖြစ်သည့်အတွက် မီးလောင်အား ကောင်းခဲ့ခြင်းကြောင့် အိမ်ခြေ (၁၆၇) လုံး မီးလောင်ဆုံးရှုံးခဲ့ရ သည်။

မီးသင့်ခံခဲ့ရသော အိမ်ထောင်စု (၂၀၁) စုမှ လူဦးရေ ရှစ်ထောင်ကျော်အား ဘလုတ်ညွန့်ရပ်ကွက်၊ ခါတော်မီဘုန်းတော်ကြီးကျောင်း၌ ယာယီကယ်ဆယ်ရေး စခန်းဖွင့်၍ စောင့်ရှောက်ပေးထားသည်။

မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ကိုရန်နိုင်ထွန်း (ခ) ကိုထွန်းထွန်း၊ အသက် (၂၇) နှစ် အား စက်ဆန်းနယ်မြေ ရဲစခန်းမှ (ပ) ၅၆/၂၀၁၅/ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ (Xinhua)