Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်မြောက်ပိုင်းသို့ စတင်လည်ပတ်နိုင်မည်

ချင်းပြည်နယ်၏ ရှုခင်းအလှ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ချင်းလူမျိုးများ တန်ဖိုးထားသော အသည်းပုံသဏ္ဍာန်ရှိ ရိဒ်ရေကန်တည်ရှိရာ ချင်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်ကို ယခုလအတွင်းမှ စတင်ပြီး အလည်အပတ် သွားနိုင်မည်ဖြစ်ကြောင်း Tanggo Travel and Tour အေဂျင်စီထံမှ သိရသည်။

ပြည်တွင်းခရီးသွားလုပ်ငန်း Tanggo Travel and Tour အေဂျင်စီမှ ချင်းပြည်နယ်သို့ ငါးညအိပ် ခြောက်ရက် ခရီးစဉ်ကို ငွေကျပ် ၂၈ဝ,ဝဝဝ ဖြင့် ဖေဖောဝါရီ ၂၇ ရက်နေ့မှ စတင်၍ သွားရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်နေသည်။

သဘာဝ အခြေပြုခရီးသွားလုပ်ငန်း (Ecotourism)အဖြစ် ချင်းပြည်နယ်သို့ သွားရောက် လည်ပတ်နိုင်မည် ဖြစ်သည်။

ယင်း ခရီးစဉ်သည် ရိဒ်ရေကန်သို့ စက်လှေဖြင့် လှည့်လည်ကြည့်ရှုနိုင်ခြင်း၊ ကလေးမြို့တွင် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ခြင်း၊ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ပါဝင်သော မိုးရေးမြို့၌လည်း ဒေသထွက်ကုန်များ ဝယ်ယူနိုင်ခြင်းများ ထည့်သွင်းထားသည်။

ကမ္ဘာလှည့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်သည့် အနေဖြင့် ချင်းပြည်နယ်အတွင်း သဘာဝကိုအခြေခံသော ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကမ္ဘာလှည့်ခရီးသွားများ အနေ ဖြင့် ကန်ပက်လက်မြို့နှင့် မင်းတပ် မြို့နယ်တို့သို့ တရားဝင်သွားလာနိုင် ပြီး တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ဖလမ်း၊ ရိခေါဒါရ်၊ ထန်တလန်နှင့် ဟားခါးမြို့ပေါ်ဒေသများသို့ ခွင့်ပြုချက်မလို ဘဲ သွားရောက်လည်ပတ်နိုင်သည့် အပြင် မြို့ပြင်သို့လည်း ခွင့်ပြုချက် တောင်းခံ၍ သွားရောက်နိုင်မည် ဖြစ်သည်။ (Xinhua)