Connect with us

Environment, Disasters & Accidents

ရန်ကုန်တွင် တစ်ပါတ်အတွင်း ယာဉ်မတော်တဆမှု ၄၀ ကျော်ဖြစ်၍ ရှစ်ဦးသေဆုံး

ရန်ကုန်မြို့ရှိ ယာဉ်ထိန်းရဲ တစ်ဦး လမ်းပြနေပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ယာဉ်မတော်တဆမှု ၄၂ မှု ဖြစ်ပွားကာ ၈ ဦး သေဆုံး၍ ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ (ရန်ကုန်) မှ သိရသည်။

အဆိုပါ ၄၂ မှုအနက် ယာဉ်မောင်းသူ ပေါ့ဆခြင်းကြောင့် ဖြစ်ပွားသောအမှုမှာ (၂၁) မှုဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဇန်နဝါရီလ အတွင်းကလည်း ရန်ကုန်တွင် တစ်လတာအတွင်း ယာဉ်တိုက်မှုပေါင်း ၂၈၆ မှု ဖြစ်ပွားခဲ့ကာ နေ့ပိုင်းတွင် ၁၈၉ မှု၊ ညပိုင်းတွင် ၉၇ မှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ယမန်နှစ်က ရန်ကုန်မြို့၌ ယာဉ်မတော်တဆမှုပေါင်း ၃၀၀၀ ကျော်ရှိခဲ့ပြီး ယာဉ်မတော်တဆမှု များကြောင့် သေဆုံးသူ ၅၈၈ ဦး ရှိခဲ့ကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်ရေး ကော်မတီမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ထဲတွင် လူဦးရေ (၄၂၀၀) ကျော်သည် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသည့် စာရင်းတွင် ၁၂၀၀ ကျော်သည် အမျိုးသမီးများ ဖြစ်ကြကြောင်း ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117