Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့၏ အနောက်ဘက် အနီး၌ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၉ အဆင့် ရှိ မြေငလျင်လှုပ်

ကနီမြို့ ၏ အနောက်ဘက် အနီး ဗဟိုပြု၍ လှုပ်ခတ်သွားသည့် မြေငလျင် တည်နေရာပြ မြေပုံအား တွေ့ ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့၏ အနောက်- အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့ဒီဇင်ဘာ ၃ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မန္တလေးမြေငလျင်စခန်းမှ အနောက်- အနောက်မြောက်ဘက် (၁၀၈)မိုင်ခန့် ကွာဝေးသော ပြည်တွင်းကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၆)နာရီ (၁၇)မိနစ် (၁၄)စက္ကန့် အချိန်တွင် လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.