Connect with us

Environment, Disasters & Accidents

နမ့်စန်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

နမ့်စန်-မိုးနဲသွားကားလမ်း၊ မိုင်တိုင် (၁၀/၃-၄)ကြား၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

နမ့်စန်မြို့နယ်၊ နမ့်ကြုတ်ကျေးရွာအနီး နမ့်စန်-မိုးနဲသွားကားလမ်း၊ မိုင်တိုင် (၁၀/၃-၄)ကြား၌ ၆ ဘီးယာဉ်မှ ဆီပြတ်၍ လမ်းဘေး၌ ရပ်ထားသည့် သစ်တင်ယာဉ်အား ဝင်ရောက် တိုက်မိခဲ့ရာ လူ ၂ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုယာဉ်တိုက်မှုမှာ နမ့်စန်-မိုးနဲသွားကားလမ်း၊ မိုင်တိုင် (၁၀/၃-၄)ကြား၌ ဒီဇင်ဘာ ၃ ရက်တွင် မြူနှင်းများ ကျနေ သောကြောင့် မိုးနဲမြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ မောင်းနှင် လာသည့် ၆ ဘီးယာဉ်သည် လားရာတူ လမ်းဘေးတွင် ဆီပြတ်၍ ရပ်တန့်ထားသည့် တရားဝင် သစ်လုံးများ တင်ဆောင် ထားသည့် ၁၀ ဘီးယာဉ် နောက်ပိုင်းအား တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ၆ ဘီးယာဉ်ပေါ်ရှိ ယာဉ်မောင်း အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာ (မစိုးရိမ်ရ) များ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.