Connect with us

Environment, Disasters & Accidents

မူဆယ်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦး သေ ၊ ၆ ဦး ဒဏ်ရာရ

မူဆယ် မြို့နယ် နမ့်ပေါ်ကျေးရွာအနီး နမ့်ပေါ် တံတား ကုန်းဆင်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

မူဆယ် မြို့နယ် နမ့်ပေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် (၂၆၅/၄-၅)ကြား နမ့်ပေါ် တံတား ကုန်းဆင်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ယာဉ်တိမ်းမှောက်မှုမှာ ဒီဇင်ဘာ ၂ ရက် နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၊ Nissan Diesel ၁၀ ဘီးယာဉ်သည် ဘရိတ်ပေါက်ပြီး အနက် ၃၀ ပေ ခန့် ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက် သွားခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယာဉ်ပေါ်လိုက်ပါလာသူ ၁ ဦး သေဆုံး၍ ယာဉ်မောင်း အပါအဝင် ကျား ၄ ဦး ၊ မ ၂ ဦး ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ် အပေါ် မူဆယ်မြို့မ ရဲစခန်းမှ ယာဉ်မောင်း ဖြစ်သူအား ယာဉ်(ပ)၄၄/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄-က(မဆင်မခြင် မောင်းနှင်မှု ၊ ပေါ့လျော့မှုကြောင့် ပြင်းထန်/ သာမန်နာကျင်စေမှု ၊ လူသေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.