Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ဖြူးမြို့ အနီး လှုပ်ခတ်ခဲ့သည့် မြေငလျင် ဗဟိုချက် တည်နေရာအား တွေ့ ရစဉ်(ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်တောင်ဘက်(၂၅)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့ဇန်နဝါရီ ၂၂ ရက် နေ့လည်ပိုင်း အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၉၅)မိုင်ခန့် ကွာဝေးသော ပြည်တွင်း မြောက်လတ္တီတွဒ် ၁၈.၂၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၃ ဒီဂရီ၊ အနက် (၂၉)ကီလိုမီတာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၄)နာရီ (၀၈)မိနစ် (၀၁)စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ ဇန်နဝါရီ ၁၂ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာ စကေး (၆.ဝ)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်၏ နောက်ဆက်တွဲ မြေငလျင် တစ်ခု ဖြစ်ကြောင်း ၊ ပဲခူးရိုးမငလျင်သည် ပဲခူးရိုးမ မြင့်တက်မှု ဖြစ်စဉ်အတိုင်း ရဲနွယ်ပြတ်ရွေ့ဟု ယာယီအမည်ပေးထားသည့် ပြတ်ရွေ့ တစ်လျှောက် ပွတ်တိုက်တွန်းတက်မှုကတဆင့် ဖြစ်လာရသည်ဟု သုံးသပ်ထားကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.