Connect with us

Environment, Disasters & Accidents

ကျောက်မျက်တူးဖော်ရေးကုမ္ပဏီနှစ်ခု၏ စွန့်ပစ် နွံရေကန်ပေါက်ကျမှုကြောင့် လေးဦးသေဆုံး

ကျောက်မျက် တူးဖော်ရေးကုမ္ပဏီဟောင်းနှစ်ခုရှိ စွန့်ပစ် နွံရေကန်အား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကုဋေကျေးရွာအနီး၌ ဇန်နဝါရီ ၂ဝရက် ည ၁၁ နာရီခွဲက ကျောက်မျက် တူးဖော်ရေးကုမ္ပဏီဟောင်းနှစ်ခုရှိ နွံရေကန်ပေါက်မှုကြောင့် လေးဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ နွံရေကန်ပေါက်ကျမှုကြောင့် အောက်ဘက်ရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ တစ်ခု ၏ လုံခြုံရေးဝန်ထမ်း လေးဦး ရွှံ့နွံများ နစ်မြုပ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ကုဋေကျေးရွာအနီးရှိ စိမ့်နေခြည်နှင့် မြဥယျာဉ် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အဟောင်းမှ ရွှံ့နွံရေကန်ပေါက်ပြီး အောက်ဘက်ရှိ သဘာဝ အကောင်းဆုံး ကုမ္ပဏီလုပ်ကွက် ဟောင်းအတွင်းသို့ နွံများစီးဝင်ခဲ့ရာ ကုမ္ပဏီလုံခြုံရေးတာဝန် ထမ်းဆောင် နေသည့် နမ့်ဆန်မြို့နယ် ဘုရားကြီး ကျေးရွာနေ ဦးသိန်းတန် (၃၂နှစ်)၊ ကြံခင်းမြို့နယ် ပိုးစုကြီးကျေးရွာနေ ဦးဝင်းကြိုင်(၄၅နှစ်)၊ မြောင်မြို့နယ် ကျောက်ပူးကုန်းကျေးရွာနေ ဦးချစ်ဖွယ် (၃၂)နှစ်၊ ဘုတလင်မြို့နယ် လက်ပံ မြောက်ကျေးရွာနေ ဦးသိန်းနိုင်(၄၇နှစ်)တို့ လေးဦးသည် ရွှံ့နွံများဖုံးအုပ်ခံရပြီး သေဆုံးခဲ့၍ ကုမ္ပဏီပိုင် မြေတူးယာဉ် များဖြင့် တူးဖော်ရှာဖွေလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.