Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်တွင် ရေးဘေးကြောင့် သေဆုံးသူ ၅၅ ဦးထိတိုးလာ

ရခိုင်ပြည်နယ် မြောက်ဦး မြို့တွင် ရေကြီးနစ်မြှုပ်နေ မှုအားတွေ့မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တွင် ဇူလိုင် ၂၄ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့ထိ ရေဘေးကြောင့် သေဆုံးသူ ၅၅ ဦးအထိ တိုးလာကြောင်း အစိုးရ က တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။

ရေကြီးရေလျှံမှုကြောင့် ရခိုင်ပြည်နယ် ၌ အပျက်အစီး၊ အသေအပျောက် အဖြစ်အများဆုံးဖြစ်ပြီး သေဆုံးသူသည် ကျား ၂၉ ဦး၊ မ ၂၆ ဦး စုစုပေါင်း ၅၅ ဦး ထိရှိလာကြောင်း၊ ရေဘေးသင့် အိမ်ထောင်စု ၁၆၆၅၆ နှင့် ရေဘေးသင့်ဦးရေ ၈၅၄၂၆ ဦးရှိလာပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် ကျပ် သန်းပေါင်း ၃၄၂၉၀,၃၈၆ သန်း ထိရှိလာသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ရှိ ရေမြုပ်/ရေဝင် အိမ် ၈၄၅၅၉ လုံးနှင့် စာသင်ကျောင်း ၂၁၁ကျောင်းရှိပြီး ပျက်စီးသွားသော အိမ် ၁၀၉၅၆ လုံး နှင့် စာသင်ကျောင်း ၂၇၂ ကျောင်း ရှိသည်။

ရေကြီးရေလျှံမှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်ဖြစ်သည့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော် မြို့များကို အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များတွင် သဘာဝဘေး အန္တရာယ်များကြောင့် လမ်း၊ တံတား၊ မွေးမြူရေးခြံ၊ ပုဇွန်နှင့် ငါးကန်များနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုသည် ခန့်မှန်းချေ ကျပ် သန်းပေါင်း ၉၈၅၅ သန်းခန့် ဆုံးရှုံးပျက်စီးနေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ (Xinhua)