Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ကုက္ကိုလ် ကျေးရွာတွင် အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ် မှု ဖြစ်ပွားပြီးနောက် ၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက မေ ၁၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။ရခိုင်ပြည်နယ်ရှိ မြိုနယ် ၁၇ မြို့နယ်ဖြစ်သည့် ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မြေပုံမြို့နယ်တို့ အား ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ အဆိုပါမြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တစ်ဝန်းလုံးတွင်သော် လည်းကောင်း၊ နိုင်ငံတော်၏ နယ်မြေဒေသ တစ်ခုခုတွင်သော်လည်းကောင်း အသက်အိုးအိမ် စည်းစိမ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အလွန်ကြီးမား သည့် ဘေးအန္တရာယ်ကျရောက်ကြောင်း အမျိုးသားကော်မတီက တင်ပြ၍ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့် ဖြစ်စေ သိရှိရသည့်အခါ ယင်းဒေသကို မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်ရာတွင် အခက်အခဲ ရှိမည်ဟု ယုံကြည်ပါက အဆိုပါဒေသကို အချိန်ကာလနှင့် နယ်မြေဒေသပိုင်းခြားသတ်မှတ်၍ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသဖြစ်ကြောင်း ကြေညာနိုင်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ကုက္ကိုလ် ကျေးရွာတွင် အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ် မှု ဖြစ်ပွားပြီးနောက် ၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မေ ၁၄ ရက်တွင် အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ သည် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းဒေသများကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ (Xinhua)