Connect with us

Environment, Disasters & Accidents

သဘာဝ ဘေးအန္တရာယ်ကြောင့် ရေဘေးသင့် ပြည်သူ သုံးသိန်းကျော်နှင့် သေဆုံးသူ ၈၈ ဦး ထိရှိ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ရေကြီးရေလျှံနေမှု မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုအတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ပွားခဲ့သော ရေးကြီး ရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူ သုံးသိန်းကျော်နှင့် သေဆုံးသူ ၈၈ ဦးထိ တိုးလာကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ဇူလိုင်လ ၁၆ ရက်မှ သြဂုတ်လ ၆ ရက်နေ့အတွင်း ရေးဘေးသင့် အိမ်ထောင်စု ၆၃,၂၈၄ စုတွင် ရေဘေးသင့် ပြည်သူ လူဦးရေ ၃၂၄,၆၈၀ ဦးထိ ရှိလာသည်။ရခိုင်ပြည်နယ်တွင် ၆၁ ဦး၊ စစ်ကိုင်းတိုင်းတွင် ၇ ဦး၊ ကချင် ပြည်နယ်တွင် တစ်ဦး၊ ချင်းပြည်နယ်တွင် ၄ ဦး၊ ရှမ်းပြည်နယ်တွင် ၆ ဦး၊ မန္တလေးတိုင်းတွင် ၈ ဦးနှင့် ဧရာဝတီ တိုင်းတွင် ၁ ဦး စုစုပေါင်း သေဆုံးသူ ၈၈ ဦးရှိနေပြီ ဖြစ်သည်။

ရေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဆန်ရိက္ခာ ကျပ် ၄၂,၆၅၇,၇၅၀၊ အရေးပေါ် အစားအစာအတွက် ကျပ်သိန်း ၁၃,၁၅၁,၅၆၀ ၊ အိမ်ဆောက် ပစ္စည်း အတွက် ကျပ် သိန်း ၁၄၄,၉၀၀,၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းအတွက် ကျပ် သိန်း ၂၁၁,၉၈၁,၃၄၈ နှင့် သေဆုံးမှု ထောက်ပံ့ကြေး ကျပ် သိန်း ၈,၁၀၀,၀၀၀ စုစုပေါင်း ရေဘေးအတွက် ကျပ် သိန်းပေါင်း ၄၃၀,၇၉၀,၆၅၈ ပေးပို့ ထောက်ပံ့ ထားကြောင်း ထုတ်ပြန်သည်။

လက်ရှိ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များမှ ကူညီမှုများ ပြုလုပ်လျှက်ရှိပြီး ရေများ ပြန်လည် ကျဆင်းချိန်တွင် ကျန်းမာရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် အဓိက ကူညီဆောင်ရွက်မှုများ လိုအပ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။ (Xinhua)