Environment, Disasters & Accidents
ချင်းပြည်နယ်၌ သဘာဝ တောင်ပေါ် ရေကန် ရေလျှံကျိုးပေါက် ၍ ရွာနှစ်ရွာ ရေထဲမျောပါ ပျက်စီး
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ချင်းပြည်နယ် တွန်းဇံမြို့တွင် ယနေ့နံနက် ၃နာရီမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ သဘာဝ တောင်ပေါ်ရေကန် ရေလျှံ ကျိုးပေါက် ၍ ရွာနှစ်ရွာ ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း အစိုးရ သတင်းဌာန များတွင် ထုတ်ပြန်သည်။
တွီ့ခိန်ဇန်ကျေးရွာ မှ အိမ်ခြေ ၄၀ ကျော် နှင့် ဟားခါးလေးကျေးရွာ မှ အိမ်ခြေ ၅၀ ကျော် ရေထဲမျောပါကာ လက်ရှိ အချိန်ထိ လူနှစ်ဦးပျောက်ဆုံး နေပြီး အဆိုပါ ဒေသသို့ ကယ်ဆယ်ရေးများ သွားရောက် ဆောင်ရွက် လျက်ရှိသည်။
လက်ရှိ တောင်ပေါ် ရေကြီး ရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ နေရဉ္ဇာမြစ်ရေ တက်လျက်ရှိသော်လည်း ရာဇဂြိုလ်ဆည် ကျိုးပေါက်ခြင်းမရှိသေးကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ရာဇဂြိုလ်ဆည်ပေါက်ကျသည့် ကောလဟာလများကြောင့် ကလေးမြို့ အနိမ့်ပိုင်းရှိမြို့များမှ ဒေသခံများ နေရာများ ပြောင်းရွေ့လျှက်ရှိသည်။ (Xinhua)