Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ အနည်းဆုံး ၂၃ ဦး ရှိ

အိန္ဒိယတွင် ရေကြီးရေလျှံဖြစ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

နယူးဒေလီ ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Assamပြည်နယ် ၊ Tripuraပြည်နယ်၊ Manipurပြည်နယ်များတွင် မိုးသက်မုန်တိုင်းတိုက်ခတ်မှုများ ၊ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် သေဆုံးသူ အနည်းဆုံး ၂၃ ဦး ရှိပြီး လူသိန်းပေါင်းများစွာ ရေဘေးသင့်ခဲ့သည်ဟု အိန္ဒိယ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန အရာရှိတစ်ဦးက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

Assamပြည်နယ်ရှိ Wangoi အပါအဝင် ဒေသ ၆ ခုတွင် အခြေအနေဆိုးဝါးနေရာ ရေဘေးသင့်သူ စုစုပေါင်း ၄ သိန်း ၅ သောင်း ရှိပြီး ရေဘေးဒုက္ခသည် ၁ သိန်းကျော် ကို ယာယီကယ်ဆယ်ရေးစခန်း တွင် နေရာချထားပြီးဖြစ်ကြောင်း အိန္ဒိယ Asian News International (ANI)သတင်းအရ သိရသည်။

အိန္ဒိယလေတပ်က ဇွန် ၁၇ ရက်တွင် Assamပြည်နယ် Hailakandiဒေသနှင့် Tripuraပြည်နယ် Kailasaharဒေသများသို့ ကူညီကယ်ဆယ်ရေးပစ္စည်း ၈ တန် ပို့ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။အိန္ဒိယ အရှေ့မြောက်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားသည့် Brahmaputraမြစ်၏ မြစ်ရေအမှတ်မှာ တစ်နာရီလျှင် ၄ စင်တီမီတာ မှ ၅ စင်တီမီတာအထိ တက်လာနိုင်ပြီး နောက် နှစ်ရက်သုံးရက်အကြာ တွင် စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်သည်ဟု မိုးဇလက သတိပေးထားကြောင်း သိရသည်။ အိန္ဒိယအစိုးရက ရေဘေးသင့်နေရာများကို တတ်နိုင်သလောက်အစွမ်းကုန် အကူအညီပေးသွားမည် ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (Narendra Modi) က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့ သည်ဟု သိရသည်။ (Xinhua)