Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အပူပိုင်းဒေသ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများ ကိုင်တွယ် ဖြေရှင်းခြင်း လုပ်ငန်း စီမံကိန်း လေးနှစ်ကြာ ဆောင်ရွက်မည်

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံး ပျက်စီးသွားသော လယ်ယာမြေများ (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အပူပိုင်းဒေသ ရေအရင်းအမြစ်နှင့် အစားအစာ ဖူလုံမှုတို့အပေါ် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများအား ကိုင်တွယ် ဖြေရှင်းခြင်း လုပ်ငန်း စီမံကိန်းကို ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးများရှိ မြို့နယ် ၅ မြို့နယ်တွင် လေးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။

ယင်းလုပ်ငန်း စီမံကိန်းကို Global Enviroment Facility(GEF) ၊ Adaptation Fund ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရတို့၏ ထည့်ဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၈.၄၆ သန်းဖြင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ် ၊ မကွေးတိုင်း ချောက်မြို့နယ် ၊ မန္တလေးတိုင်း မြင်းခြံ မြို့နယ်နှင့် ညောင်ဦးမြို့နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဟု သိရသည်။

စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အပူပိုင်းဒေသရှိ တောင်သူ လယ်သမားများ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် အကျိုးဆက်များ လျော့ပါးစေရေးနှင့် အနာဂတ်တွင် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များနှင့် လိုက်လျော ညီထွေစွာ စိုက်ပျိုး မွေးမြူနိုင်စေရေး အဓိက လုပ်ငန်းစဉ် ၃ ခုဖြစ်သော သောက်သုံးရေ အမြဲမပြတ် ရရှိနိုင်ရေး အတွက် ရေတွင်း ရေကန်များ တူးဖော်ခြင်း ၊ ရာသီဥတုနှင့် လိုက်လျော ညီထွေရှိသော သစ်တော စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းစနစ်များကို ဖော်ထုတ် ဖြန့်ဖြူးခြင်းနှင့် ကျေးလက်နေ ပြည်သူကို အခြေခံသည့် ခိုင်မာသော ရာသီဥတု ဆိုင်ရာ သတင်း အချက်အလက်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို အပူပိုင်း ဒေသရှိ လယ်သမားများ ရာသီဥတုဒဏ် ခံစားရမှုများ လျော့ကျစေရန်နှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ ရင်ဆိုင် တုံ့ပြန်နိုင်ရေး အစီအစဉ်များ ရေးဆွဲနိုင်ရေးတို့အတွက် အဓိက ဆောင်ရွက် သွားမည် ဟု သိရသည်။

ထိုစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အပူပိုင်းဒေသ မြို့နယ် ငါးမြို့နယ် ၊ ကျေးရွာပေါင်း ၂၈၀ ၊ အိမ်ထောင်စု ပေါင်း ၅၀,၆၃၉ မှ စီမံကိန်း၏ အကျိုး ရလဒ်များကို ရရှိခံစားကြမည်ဟု ဆိုသည်။ ယင်းလုပ်ငန်း စီမံကိန်း စတင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ်လ ၂၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117