Connect with us

Environment, Disasters & Accidents

မထသ ၅၁ နှင့် ၅၇ ခရီးသည်တင် ယာဉ် အားလုံး ငါးရက်စီ ပိတ်သိမ်း၍ အရေးယူ

မထသ ဗဟို အမွတ္တံဆိပ္ (ဓာတ္ပံု- မထသ Facebook)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် အတွင်း ပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်းများထဲတွင် ယာဉ်တိုက်မှုကြောင့် လူသေဆုံးသည် အထိ ဖြစ်ပွားခဲ့သည့် မထသ ၅၁ ယာဉ်လိုင်းနှင့် ၅၇ ယာဉ်လိုင်းတို့ရှိ ခရီးသည်တင်ယာဉ် အားလုံးကို သြဂုတ်လ ၂၆ ရက်နေ့မှစ၍ ငါးရက်စီ အလှည့်ကျ ပိတ်သိမ်း၍ အရေးယူထားကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဥက္ကဌ ဦးလှအောင် ထံမှ သိရသည်။

ဧပြီလ ၂၀ ရက်နေ့က ၅၁ ယာဉ်ကြီးလိုင်း (ဝါယာလက်) မှ မော်တော်ယာဉ် အမှတ် (7F/9070) မှာ ယာဉ်ရပ်နားရာ နေရာသို့ သွားရောက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားရာမှ တစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းမှာလည်း ဥပဒေကြောင်းအရ ပြစ်ဒဏ်ခံယူပြီး ယာဉ်ပိုင်ရှင်မှာလည်း သေဆုံး၊ ဒဏ်ရာရသူများ အတွက် ထောက်ပံ့ကြေး ပေးဆောင် ရကြောင်းသိရသည်။

သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ယင်းယာဉ်လိုင်းတို့ရှိ ယာဉ်နှစ်စီးကို ယာဉ်လိုင်းပြေးဆွဲခွင့် ခြောက်လ ပိတ်သိမ်းပြီး သက်ဆိုင်ရာ ယာဉ်လိုင်းများရှိ ယာဉ်များကို နှစ်သုတ်ခွဲ၍ ငါးရက်စီ အလှည့်ကျ ပြေးဆွဲခွင့် မပြုဘဲ ရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းများကို စတင် ရပ်နားခိုင်းသည့် သြဂုတ်လ ၂၆ ရက်နေ့ တွင် ၅၁ ယာဉ်လိုင်းရှိ ခရီးသည်တင် ယာဉ်များ အားလုံး ပြေးဆွဲခြင်း မရှိကြောင်း သိရသည်။

ငါးရက်စီ ပိတ်သိမ်းခံရသည့် ၅၁ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၆၀ စီး၊ ၅၇ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၆၇ စီးရှိကာ ထပ်မံ၍ ဇူလိုင်လ အတွင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ၄၉ ယာဉ်လိုင်းကိုလည်း ပိတ်သိမ်းရန် စီစဉ်နေကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117