Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့၏ အနောက်ဘက် အနီး၌ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၉ အဆင့် ရှိ မြေငလျင်လှုပ်

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့၏ အနောက်- အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့ဒီဇင်ဘာ ၃ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မန္တလေးမြေငလျင်စခန်းမှ အနောက်- အနောက်မြောက်ဘက် (၁၀၈)မိုင်ခန့် ကွာဝေးသော ပြည်တွင်းကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၆)နာရီ (၁၇)မိနစ် (၁၄)စက္ကန့် အချိန်တွင် လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)