Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်သက္ကယ်ကျင်း-ဖောင်းပြင်ကားလမ်းတွင်ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်၊လူတစ်ဦးသေဆုံး

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်သက္ကယ်ကျင်း-ဖောင်းပြင်ကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ကလေးဝမြို့နယ် သက္ကယ်ကျင်း – ဖောင်းပြင်ကားလမ်း အောင်ချမ်းသာကျေးရွာနှင့် ၃ မိုင် ခန့်အကွာတွင် ကျွန်းလှမြို့နယ် နောင်ကောက်ကျေးရွာနေ ယာဉ်မောင်း မိုးဝင်း(ခ)လှမျိုးအောင် ၄၀ နှစ် မောင်းနှင်သော ယာဉ်အမှတ် 9G/××××ကင်တာ အဖြူရောင် ခြောက်ဘီးကားသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၇ နာရီခွဲ က မဟာမြိုင်တောရှိ အောင်စြင်္ကာစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲသို့ ဘုရားဖူးလာရောက်စဉ် အရှိန်လွန်၍ လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါဘုရားဖူးခရီးသည် ၂၀ ဦး မှ နောင်ကောက်ကျေးရွာနေ ဒေါ်ဝင်းရီ ၆၃နှစ် မှာပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးခဲ့ပြီး ၉ ဦး မှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သဖြင့် အောင်ချမ်းသာရဲကင်းနှင့်သက္ကယ်ကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့အဖွဲ့က သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူများအား ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.