Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းဘူတာ၌ မြို့ပတ်ရထားမှ ရေတိုင်ကီရေဆူပြီး ပွင့်ထွက်မှုကြောင့် အမျိုးသမီး ၇ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

-ရန်ကုန်မြို့တွင်ပြေးဆွဲနေသော မြို့ပတ်ရထားတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းဘူတာ၌ မြို့ပတ်ရထားမှ ရေတိုင်ကီရေဆူပြီး ပွင့်ထွက်မှုကြောင့် အမျိုးသမီး ၇ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ၁၀း၂၀ နာရီအချိန် အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာအဝင် မိုင်တိုင်အမှတ်(၁၂/၃-၄)ကြား၌ လှော်ကားမှ ရန်ကုန်သို့မောင်းနှင်လာသော ပိတောက်(၄) ရန်ကုန်မြို့ပတ်ရထားတွဲအမှတ်(၃)၊ RBE-××××× တွဲအောက်ရှိ ရေတိုင်ကီရေဆူပြီး ပွင့်ထွက်မှုကြောင့် ရထားစီးရန်စောင့်ဆိုင်းနေသည့် ခရီးသည် မအေးလှ(၃၂)နှစ်အပါအဝင် အမျိုးသမီး ၇ ဦးတို့၏ မျက်နှာ၊ ရင်ဘတ်၊ ကျောကုန်း၊ ယာလက်မောင်း၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတို့၌ ရေနွေးပူလောင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၀း၃၀ နာရီ အချိန်တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.