Connect with us

Environment, Disasters & Accidents

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ် ရှေ့ဘီးကျိုးမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူမရှိ


ရန်ကုန်၊နိုဝင်ဘာ ၂၇ရက် (ဆင်ဟွာ)

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Cessna Grand Caravan XY-AMB လေယာဉ်သည်ယနေ့နံနက်က ရှေ့ဘီးကျိုးမှုဖြစ်ပွားခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန်သောသတင်းအရ သိရသည်။

လေ့ကျင့်ပျံသန်းမှု Flight အဖြစ် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်အားဆောင်ရွက်ခဲ့ရာ မော်လမြိုင်သို့ ဆင်းသက်ချိန် နံနက် ၉နာရီ၂၈မိနစ် တွင် ရှေ့ဘီးကျိုး မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှေ့ဘီးကျိုးမှုဖြစ်ပွားခဲ့သော မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-MNA)

အဆိုပါ flightမှာ လေ့ကျင့်ပျံသန်းမှုဖြစ်သည့် အလျောက် ခရီးသည်ပါဝင်မှု ရှိဘဲ၊ လေ့ကျင့်မည့် လေယာဉ်မှူးများ၊ လေယာဉ်မောင်/မယ် (၈) ဦး သာပါဝင်ခဲ့ကြောင်း၊

လေယာဉ်သည်ပြေးလမ်း ပေ၁၈၀၀ ခန့် တွင် ရှေ့ဘီးကျိုး၍ ရပ်တန့်သွားခဲ့ပြီး လူ ဒဏ်ရာ ရရှိမှု မရှိခဲ့ပါ ကြောင်းနှင့် MNA ၏ ခရီးစဉ်များ ထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.