Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ကျောက်မီးသွေးမိုင်းတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေ၄ ဦး ဒဏ်ရာရရှိ - Xinhua News Agency
Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ကျောက်မီးသွေးမိုင်းတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေ၄ ဦး ဒဏ်ရာရရှိ

ဓာတ်ငွေ့ပေါက်ကွဲသော ကျောက်မီးသွေးမိုင်းအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ထူးဟန်သစ်ကုမ္မဏီလုပ်ကွက်ရှိ ကျောက်မီးသွေးမိုင်းတစ်ခုတွင် မေ ၂၇ ရက် ညပိုင်း အလုပ်ဆင်းချိန်၌ မီသိန်းဓါတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျောက်မီးသွေးလုပ်ကွက်အတွင်း အလုပ်သမား(၁၅) ဦးသည် (၅) ဦးတစ်ဖွဲဖြင့် (၃) ဖွဲ့ခွဲကာ (၃)နေရာတွင် ညပိုင်း အလုပ်လုပ်ကိုင်နေစဉ် အဖွဲ့ (၁) ဖွဲ့ဖက်မှ သံချင်းပွတ်တိုက်ရာမှ ထွက်ပေါ်လာသော မီးစနှင့် လုပ်ကွက်အတွင်းရှိ မီသိန်းဓါတ်ငွေ့တို့ တွေ့ဆုံရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် အဖွဲ့(၁)အဖွဲ့မှ လူ ၄ ဦးသည် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ကလေးဝမြို့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.