Connect with us

Environment, Disasters & Accidents

ဇွန်လ ပထမ(၁၀)ရက်ပတ် တွင် မြစ်ရေများလက်ရှိရေအမှတ်များထက်မြင့်တက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၂၈ရက် (ဆင်ဟွာ)

ဇွန်လ ပထမ(၁၀)ရက်ပတ် တွင် မြစ်ရေများလက်ရှိရေအမှတ်များထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ဇွန်လ ပထမ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၆)ပေမှ (၉)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် (၄) ပေမှ (၆) ပေခန့်၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေမှ (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း၊

ချင်းတွင်းမြစ်ရေသည် ဇွန်လ ပထမ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၅)ပေမှ (၈)ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၃)ပေမှ (၅)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၁၂)ပေမှ (၁၆)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူ မြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၈) ပေမှ (၁၂)ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၆)ပေမှ (၈)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး သို့ ရောက်နိုင်ဖွယ်မရှိကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၁၃)ပေမှ (၁၈)ပေ ခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၈)ပေမှ (၁၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး သို့ ရောက်နိုင်ဖွယ်မရှိကြောင်း၊

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၆)ပေမှ (၈)ပေခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို့ တွင် (၂) ပေမှ (၄)ပေခန့်၊ ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် (၆)ပေမှ (၁၀) ပေခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၄)ပေမှ (၈)ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူ မြို့နှင့် ပဲခူးမြို့တို့တွင် (၆) ပေမှ (၁၀)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၈)ပေမှ (၁၁) ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၃)ပေမှ (၄)ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့တွင် (၁၀)ပေမှ (၁၂)ပေခန့်၊ သာပေါင်းမြို့တွင် (၆)ပေမှ (၈)ပေခန့်၊ ပုသိမ်မြို့တွင် (၂)ပေမှ (၃) ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၃)ပေမှ (၄)ပေခန့်၊ ကုလားတန်မြစ်ရေ သည် ပလက်ဝမြို့တွင် (၁၀)ပေမှ (၁၄)ပေခန့်နှင့် ကျောက်တော်မြို့တွင် (၆)ပေမှ (၈)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၇)ပေမှ (၁၀)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်း မြို့တွင် (၇)ပေမှ (၁၀)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)