Environment, Disasters & Accidents
တောင်ကုတ်မြို့နယ်၌ ယာဉ် ချောက်ထဲထိုးကျ တိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ ၂၆ဦး ဒဏ်ရာရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ပန်းတောင်း-တောင်ကုတ် ကားလမ်း မိုင်တိုင်(၅၆/၁)၌ ဟွန်ဒိုင်းမီနီဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ဘတ်စ်ကားတစ်စီး သည် ဖေဖော်ဝါရီ ၁၀ရက်နေ့ ညနေပိုင်း၌ ကုန်းတက်တွင်ဘရိတ်ပေါက်၍ နောက်ပြန်လိမ့်ကျကာ လမ်းယာဘက် (၅)ပေအနက်ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယင်းယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၆ဦးတွင် လေးဦးသည် စိုးရိမ်ရသော အခြေအနေရှိကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများသည် တောင်ကုတ်ပြည်သူ့ ဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်လူသေမှုနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)