Connect with us

Environment, Disasters & Accidents

ကျိုင်းတုံ-တောင်ကြီးကားလမ်း၌ ယာဉ်တစ်စီးတိမ်းမှောက်ပြီး ၁၅ ဦးဒဏ်ရာရ

ကျိုင်းတုံ-တောင်ကြီးကားလမ်း၌ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ - တိုင်းနေနာရေးကူညီမှုအသင်း)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ-တောင်ကြီးကားလမ်း ကျိုင်းဖောင်းကျေးရွာအနီးတွင် ယနေ့(ဇူလိုင် ၁၁ ရက်) နံနက်ပိုင်းတွင် ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကျိုင်းတုံ-တောင်ကြီးကားလမ်း၌ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ – တိုင်းနေနာရေးကူညီမှုအသင်း)

ကျိုင်းတုံ-တောင်ကြီးကားလမ်း၌ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ – တိုင်းနေနာရေးကူညီမှုအသင်း)

ကျိုင်းဖောင်းကျေးရွာအနီးရှိ လမ်းကွေ့တွင် Vigo အမျိုးအစားကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စိုးရိမ်ရတဲ့လူတော့ မရှိပါဘူး။ ဒဏ်ရာရတဲ့လူတွေက ပေါက်ပြဲ၊ကျိုးပဲ့တာလောက်ပါပဲ။” ဟု တိုင်းနေနာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.