Connect with us

Environment, Disasters & Accidents

သဲကုန်းမြို့နယ်၌ ယာဉ် ၂ စီး တိုက်မှုကြောင့် တိမ်းမှောက်မီးလောင်ပြီး ၁၀ ဦး ဒဏ်ရာရရှိ

သဲကုန်းမြို့နယ်၌ ယာဉ် ၂ စီး တိုက်မှုကြောင့် တိမ်းမှောက်မီးလောင်မှုဖြစ်စဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

သဲကုန်းမြို့နယ်၌ ယာဉ် ၂ စီး တိုက်မှုကြောင့် တိမ်းမှောက်မီးလောင်ပြီး ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ၁၆၄၀ အချိန်တွင် ဆင်မြီးဆွဲ-သဲကုန်း ကားလမ်း မိုင်တိုင်(၁၅/၇)နှင့် (၁၆/ဝ)ကြား၌ ဦးကျော်ဝင်း(၅၃)နှစ် မောင်းနှင်ပြီး ကျော်မင်းသန်း၊ (၂၇)နှစ်ပါ ၄ဦး(ကျား ၂၊ မ ၂)တို့ လိုက်ပါလာသည့် 2J/ ×××× လိုက်ထရပ်ယာဉ်နှင့် ပြည့်ဖြိုးအောင်(၂၇)နှစ်မောင်းနှင်ပြီး မသိမ့်သိမ့်သူ (၂၈)နှစ်အပါအဝင် (ကျား ၂၊ မ ၂)တို့ လိုက်ပါလာသည့် 1G/ ×××× ဟွန်ဒါဖစ် (Honda fit) ယာဉ်တို့လမ်းလု၍ အပြိုင်မောင်းနှင် ရာမှယာဉ် ၂စီး ချိတ်မိပြီး လမ်းယာဘက်ခြမ်းရှိ လယ်ကွင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ကာ ဟွန်ဒါဖစ်ယာဉ်မှာ ယူကလစ်ပင်နှင့် ထပ်တိုက်မိ၍ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လိုက်ထရပ်ယာဉ်ပေါ်ရှိ ယာဉ်မောင်း ဦးကျော်ဝင်း အပါအဝင် ၃ဦး(ကျား ၁၊ မ၂)တွင် ဝဲချိုစောင်းကွဲ၊ ကျောကုန်းပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)နှင့် ကျော်မင်းသန်းအပါအဝင် ကျား ၂ ဦးတွင် နာကျင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ဟွန်ဒါဖစ်ယာဉ်ပေါ်ရှိ ယာဉ်မောင်း ပြည့်ဖြိုးအောင်အပါအဝင် ၃ဦး (ကျား ၂၊ မ၁)တို့တွင် ဝဲပေါင်ကျိုး၊ နဖူးပေါက်ပြဲ၊ ဦးခေါင်းကွဲ ဒဏ်ရာများ(စိုးရိမ်ရ)နှင့် မသိမ့်သိမ့်သူအပါအဝင် ၂ဦး(ကျား ၁၊မ၁) တို့ တွင် နာကျင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သဲကုန်းဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် ၁၉း၃၀နာရီ အချိန်တွင် ဦးကျော်ဝင်း နှင့် ပြည့်ဖြိုးအောင်တို့ ၂ဦးအား ဆင်မြီးဆွဲနယ်မြေ ရဲစခန်းယာဉ်(ပ)၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန်နာကျင်စေမှု) ဖြင့်အမှု ဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.