Connect with us

Environment, Disasters & Accidents

ပုဂံမြို့ရှိ ဘုရားအမှတ် ၁၀၆၆ အလေးဝန်ကြောင့် ပြိုကျပြီး ၇၀ ရာခိုင်နှုန်းပျက်စီး

ဘုရားအမှတ် ၁၀၆၆ အလေးဝန်ကြောင့် ပြိုကျမှုအားတွေ့ရစဉ်(ဓာတ်ပုံ- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် ၁၀၆၆သည် မတ်လ ၄ရက်နေ့ ၁၂နာရီ ၄၅မိနစ်ခန့်က ပြိုကျမှုဖြစ်ပွားကာ ၇၀ရာနူန်းခန့်ပျက်စီးခဲ့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

စိမ်းညက်ညီအစ်မ ဘုရား၏ အနောက်တောင်ဘက်ရှိ ၁၉၉၆ နောက်ပိုင်းတွင် ပြန်လည်ပြု ပြင်ထား သောဘုရားအမှတ် ၁၀၆၆ သည် ယခင် လိုဏ်ခံဘုရား ဖြစ်ပြီး ၂၀၁၆ ငလျင် ထိခိုက်မှု၌လည်း နံရံများကွဲအက်ထား၍ ပြန်လည်ပြုပြင်မှု၏ တတိယ ဦးစားပေး စာရင်းတွင်ပါရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ မေလတွင် အရေးပေါ် ထိန်းသိမ်းရေး ဆောင်ရွက်မှု အနေဖြင့် သံခါးပတ်များပါတ်ထားခြင်း၊ ရေပိတ်လွှာလောင်းထားခြင်းများကို အင်/ယာ -၂ ဦးထွန်းထွန်းဝင်းဦးစီး၍ ဆောင်ရွက်ထားရှိခဲ့ပြီး ယခုပြိုကျမှုသည် အပေါ်အလေးဝန် မခံနိုင်၍ အလေးဝန်ကြောင့် ပြန်လည်ပြုပြင်ထားသော နံရံအသစ် ၃ ဘက် ပွင့်ကျခြင်းဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.