Connect with us

Environment, Disasters & Accidents

အမ်းမြို့နယ်၌ ယာဉ် ချောက်ထဲပြုတ်ကျမှုကြောင့် ၄ဦးသေဆုံးပြီး ၃၃ဦးဒဏ်ရာရရှိ

အမ်းမြို့နယ်အတွင်း ပြေးဆွဲသော ခရီးသည်တင်ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-internet)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ထန်းချောင်းကျေးရွာအနီး အမ်း- မအီ ကားလမ်းမိုင်တိုင် (၅/၂)အနီး၌ မတ်လ ၄ရက်က ခရီးသည်တင်ယာဉ် တစ်စီး ချောက်ထဲပြုတ်ကျမှုကြောင့် ၄ဦးသေဆုံးပြီး ၃၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ချောက်အတွင်းသို့ ပြုတ်ကျမှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၃၇ ဦးအနက် အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ကလေး တစ်ဦးတို့သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံး၍ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၅ ဦးမှာ ဒဏ်ရာများရရှိကာ အမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

သံတွဲမှ စစ်တွေသို့ မောင်းနှင်လာသော ဟွန်ဒိုင်းမှန်လုံ ခရီးသည်တင် ယာဉ်သည် ကုန်ပစ္စည်းအပြည့်ဖြင့် မောင်းနှင်လာစဉ် တောင်ပေါ်သို့ မတက်နိုင်ဘဲ နောက်သို့လိမ့်ဆင်းကာ ပေ ၂ဝဝ ကျော်ခန့်ရှိ ချောက်ထဲသို့ ပြုတ်ကျမှု မတ် ၄ ရက် ည ၁ဝ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းအား အမ်းမြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.