Connect with us

Environment, Disasters & Accidents

ဓနုဖြူမြို့၌ ယာဉ်တိုက်မှုကြောင့် ၇ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားသော ကားအားတွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ဓနုဖြူမြို့နယ်၊ ရန်ကုန်-ဟင်္သာတကားလမ်း မိုင်တိုင် (၁၃/၇)နှင့်(၁၄/ဝ)ကြား၌ မတ်လ ၃ရက်နေ့ ည ၈နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ကာ ၇ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာ ၂ပါး၊ လူ ၅ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂ဦးတွင် ၁၁ဦးသည်လည်း စိုးရိမ်ရကာ ၈နှစ်အရွယ်တစ်ဦးသာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်တိုက်မှုဖြစ်စဉ်သည် သံဃာတော်များ လိုက်ပါလာသော 1C/××× Progres ယာဉ်က လမ်းယာဘက်ခြမ်းတွင် ရပ်တန့်ထားသော S/××× Nissan Condor ယာဉ်၏ ဝဲဘက်ခြမ်းအား တိုက်မိ၍ လမ်းပေါ်သို့ ရောက်ရှိသွားစဉ် ရန်ကုန်ဘက်မှ ဟင်္သာတဘက်သို့ မောင်းနှင်လာသော 1H/×××× Diahatsu ယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ Progres ယာဉ်ပေါ်မှ ၄ ဦးနှင့် Diahatsu ယာဉ်ပါ ၃ ဦးတို့ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သံဃာတော်များ လိုက်ပါစီးနင်းလာသည့် ယာဉ်မှ ယာဉ်မောင်း ကျော်စိုးခိုင်ထွန်း(သေဆုံး)အား ဓနုဖြူမြို့မရဲစခန်းက ယာဉ်(ပ)၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေစေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု) ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်းသိရသည်။(Xinhua)