Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် လူ၁၅ဦးသေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစ ပထမကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုကြောင့် လူ ၁၅ဦးသေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဇူလိုင်၁၄ ရက်က နေ့လည်(၂)နာရီကျော်ခန့်က အမြင့်ပေ (၃၀၀)ခန့်ရှိ ကမ်းပါးယံပြိုကျမှုကြောင့် တစ်ဖက်မျက်နှာချင်းဆိုင် ကမ်းပါးယံတွင် ရေမဆေးကျောက် ရှာဖွေသူများအား ရေလှိုင်းရိုက်မိ၍ နုန်းကန်အတွင်းသို့ ပြုတ်ကျသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ ပြုတ်ကျပျောက်ဆုံးသူများအား ဝိုင်းဝန်း ရှာဖွေခဲ့ရာ သေဆုံးသူ အလောင်း(၁၄)လောင်း၊ ဒဏ်ရာရရှိသူ(၄၆)ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး လုံးခင်း ဆေးရုံသို့ ပို့ဆောင်ထားစဉ် ဒဏ်ရာရရှိသူများထဲမှ(၁)ဦး သေဆုံးသွားခဲ့ရကာ သေဆုံးသူ စုစုပေါင်း (၁၅)ဦးထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာတွင် အန္တရာယ် ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေများကြောင့် ရှာဖွေမှုအား ညနေ(၅)နာရီခွဲတွင် ရပ်ဆိုင်းခဲ့ရပြီး ဇူလိုင် (၁၅)ရက် နံနက် (၇)နာရီတွင် မိုးရွာမည့် အခြေအနေနှင့် အန္တရာယ်ဖြစ်ပွားနိုင်မည့် အခြေအနေများအား စောင့်ကြည့်ပြီး ပျောက်ဆုံးသူများ ကျန်ရှိ/မရှိအား ဆက်လက်ရှာဖွေသွားမည်ဖြစ်ကာ ကျေးရွာအတွင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ရေမဆေးကျောက် ရှာဖွေသူများ ပျောက်ဆုံးမှု အခြေအနေကိုလည်း စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.