Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်တွင် မြေပြိုကျမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိ

ပုံစာ-ဖားကန့်တွင် မြေပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဒေသခံတစ်ဦး)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနောက်ဖက်တွင် ယနေ့ ဇူလိုင် ၁၄ရက်နေ့ နေ့လယ် ၂နာရီဝန်းကျင်တွင် မြေပြိုကျမှုဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

ဆန်ခါကျေးရွာအတွင်းရှိ မဟာကျင်းဟောင်းကမ်းပါးပြိုကျရာမှ နွံကန်ပေါက်သွားပြီး အောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသူများအပေါ် ပိမှုဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။
“လက်ရှိ ကယ်လို့ရတဲ့ လူ ၂၀ကျော် တိုက်နယ်ဆေးရုံသို့ ပို့ထားတယ်၊အလောင်း ၁၀လောင်းကျော်တော့ ရှာတွေ့တယ်၊ ရှာဖွေရေးဆက်လုပ်နေပါတယ်” လုံးခင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။အဆိုပါ နွံကန်ပေါက်ကျချိန်တွင် ရေမဆေးကျောက်ရှာဖွေနေသူ အများအပြားရှိကြောင်း ဒေသခံများထံမှ သိရသည်။(Xinhua)